The Yangon Major - CS:GO - Qualifier Rules & Tournament Format

The Yangon Major 2023 ပြိုင်ပွဲ၏ အဓိက game တစ်ခုဖြစ်သည့် CS-GO အတွက် Total Prizepool ကတော့ သိန်း ၅၀၀ ဖြစ်ပြီး Qualifier ၂ခုက တက်လာမည့် အသင်း ၈ သင်းဟာ playoffs stage ( double-elimination bracket ) ကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်
ဆုကြေးခွဲဝေမှုများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်
  • 1st - 20,000,000 MMK
  • 2nd - 10,000,000 MMK
  • 3rd - 6,000,000 MMK
  • 4th - 4,000,000 MMK
  • 5th - 6th - 3,000,000 MMK
  • 7th - 8th - 2,000,000 MMK

Announcement Link: https://www.facebook.com/theyangonmajor/posts/pfbid02zcwBpFVu6sD8AfEoD5ademskfmccqiV2DuXKcSkDWac8FeX6x2ACtH19eWZnExxYl

The Yangon Major: CS:GO : Open Qualifier #1 အတွက် စက်တင်ဘာလ ၁၀ ရက် ၂၀၂၃ ခုနှစ် နေ့လည် ၁၂ နာရီ တွင် စတင် Register ပြုလုပ်နိုင်မှာဖြစ်ပြီး Qualifier #1 ပွဲစဉ်များကို September 22,23 ရက်များတွင် မနက် 10:00 AM မှ ည 8:00 PM အတွင်း ဆော့ရမည်ဖြစ်သည်။ Register စတင်ပြုလုပ်နိုင်သည့်အချိန်မှ စ၍ အချက်အလက်ပြည့်စုံစွာဖြင့် အရင်ဦးဆုံးမှတ်ပုံတင်လာသော အသင်းများကိုသာ လက်ခံသွားမည်ဖြစ်ပြီး Qualifier #1 တွင် စုစုပေါင်း အသင်း (၄) သင်း Qualified ဖြစ်မည်ဖြစ်သည်။ ထို့နည်းတူစွာ November 1,2 တွင် ထပ်မံကျင်းပမည့် Qualifier #2 တွင်လည်း စုစုပေါင်း အသင်း (၄) သင်း Qualified ဖြစ်မည်ဖြစ်ပြီး အဆိုပါ Qualified ဖြစ်သွားမည့် အသင်း (၈) သင်းပေါင်းကာ Play-Off Stage အဖြစ် November 11 တွင် စတင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • အဓိက ကစားသမား ( ၅ ) ဦး၊ အရံ ( ၁ ) ဦး နှင့် Coach ရှိပါက (၁)ဦး စုစုပေါင်း ကစားသမား (၆) ဦး နှင့် Coach (၁) ဦး စာရင်းပေးသွင်းနိုင်သည်။ စာရင်းပေးသွင်းရာတွင် ကစားသမားတဦးချင်းစီ၏ အမည် ၊ မှတ်ပုံတင်အမှတ် ၊ မွေးသက္ကရာဇ် ၊ InGame Name ၊ Steam ID ၊ Steam Profile Link နှင့် Faceit Profile Link စသည်ဖြင့် Form ပါအချက်အလက်များအား ပြည့်စုံစွာ ထည့်သွင်းပေးရမည်ဖြစ်သည်။
  • Player တစ်ဦးအနေဖြင့် အသင်းတစ်သင်းထဲတွင်သာ ဆော့ခွင့်ရှိမည်ဖြစ်သည်။ တစ်ယောက်ထဲမှ နှစ်သင်း သို့မဟုတ် နှစ်သင်းနှင့်အထက်တွင် ဆော့ကစားကြောင်းတွေ့ရှိပါက ၎င်းကစားသမားနှင့်လက်ခံစာရင်းပေးသွင်းလာသောအသင်းများအား The Yangon Major ၏ ယခု Tournament အပါအဝင် ဆက်လက်ပြုလုပ်မည့် ပြိုင်ပွဲများအားလုံး၌ ပါဝင်ခြင်းကို ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်သည်။ ထိုကဲ့သို့ ကန့်သတ်ပိတ်ပင်ခြင်းကိုလည်း The Yangon Major Page မှ ကြေငြာသွားမည်ဖြစ်သည်။
  • စာရင်းပေးသွင်းရာတွင် အသင်းအမည် နှင့် InGame Name များကို ရိုင်စိုင်းသော အသုံးအနှုန်းများ လုံးဝ သုံးဆွဲခွင့်မပြုပါ။ သုံးဆွဲ၍ စာရင်းပေးသွင်းလာပါကလဲ လုံးဝ လက်ခံ စဉ်းစားပေးမည်မဟုတ်ပါ။
  • စတင်ဆော့ကစားမည့်အသင်းများသည် သတ်မှတ်ထားသော အချိန်တွင် စတင်ဆော့ကစားရမည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်ထက် ( ၁၅ ) မိနစ် နောက်ကျသောအသင်းအား DQ အဖြစ်သတ်မှတ်ကာ (Auto Loss) အဖြစ်သတ်မှတ်မည်ဖြစ်သည်။
  • ထို့ကြောင့် ပွဲမစမှီ (၁၅) မိနစ်အလိုတွင် Discord Channel Join ကာ Check-In လုပ်ပေးပါရန်နှင့် Check-In မလုပ်သော အသင်းအား အထက်ပါ Rules အရ အလိုလျောက် DQ အဖြစ်သတ်မှတ်ကာ သက်ဆိုင်ရာပွဲအား (Auto Loss) အဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။
  • Time-Out ကို တစ်ခါလျှင် (၃ဝ) စက္ကန့်ဖြင့် အသင်းတစ်သင်းကို ပွဲတစ်ခုအတွင်း (၄) ကြိမ် ရရှိမည်ဖြစ်ပါသည်။
  • Technical Pause အနေဖြင့် အသင်းတစ်သင်းလျှင် ၎င်း ပွဲတစ်ပွဲအတွင်း (၅) မိနစ် ရရှိမည်ဖြစ်ပါသည်။
  • တဘက်အသင်းအား ရိုင်းပြသော ပြောဆိုမှုများ / ဆဲဆိုမှုများ လုံးဝ ခွင့်မပြုပါ။
  • တရားမဝင်သော CHEATING SOFTWARE များ သုံးဆွဲခွင့် လုံးဝ ခွင့်မပြုပါ။
  • ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက Admin သို့ အကြောင်းကြား ၍ မိမိပြသနာကို တင်ပြနိင်သည် ။ ဖြစ်ပေါ်လာသော အကြောင်းအရာ ကိစ္စရပ်များကို Admin Team ၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာရမည်။ မည်သည့် အကြောင်းအရာ ကိစ္စရပ်များကိုမဆို Admin Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
  • ယခု Qualifier #1 တွင် Qualified မဖြစ်သော အသင်းများအနေနှင့် Qualifier #2 တွင် ဆက်လက် စာရင်းပေးသွင်းကာ ယှဉ်ပြိုင်နိုင်ပါသည်။

ပါဝင်မည့်အသင်းများ

  • Qualified အသင်း ၈ သင်း
    • Qualifier #1 ၄ သင်း
    • Qualifier #2 ၄ သင်း

Play-Off Matches

  • Double Elimination Bracket ဖြစ်သည်
  • Play-Off ပွဲများအားလုံးသည် Bo3 များဖြစ်သည်
  • Grand Final ပွဲသည် Bo3 ဖြစ်သည်

Admin Team Contact

Phone: 09977867158

Email: [email protected]