The Yangon Major - MLBB - Qualifier Rules & Tournament Format

 
The Yangon Major 2023 ပြိုင်ပွဲ၏ နောက်ထပ် game တစ်ခုဖြစ်တဲ့ Mobile Legends: Bang Bang အတွက် Total Prizepool ကတော့ သိန်း ၅၀၀ ဖြစ်ပြီး Qualifier ၂ခုက တက်လာမည့် အသင်း ၆ နှင့် direct invite ၄ သင်း စုစုပေါင်း ၁၀ သင်းဟာ group stage, playoffs ( double-elimination bracket ) တို့ကိုအဆင့်ဆင့်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်
ဆုကြေးခွဲဝေမှုများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
 
  • 1st - 20,000,000 MMK
  • 2nd - 10,000,000 MMK
  • 3rd - 5,000,000 MMK
  • 4th - 4,000,000 MMK
  • 5th - 6th - 2,500,000 MMK
  • 7th - 8th - 2,000,000 MMK
  • 9th - 10th - 1,000,000 MMK

The Yangon Major: Open Qualifier #1 အတွက် စက်တင်ဘာလ ၁၀ ရက် ၂၀၂၃ ခုနှစ် နေ့လည် ၁၂ နာရီ တွင် စတင် Register ပြုလုပ်နိုင်မှာဖြစ်ပြီး Qualifier #1 ပွဲစဉ်များကို September 18,19 ရက်များတွင် မနက် 10:00 AM မှ ည 8:00 PM အတွင်း ဆော့ရမည်ဖြစ်သည်။

Register စတင်ပြုလုပ်နိုင်သည့်အချိန်မှ စ၍ အချက်အလက်ပြည့်စုံစွာဖြင့် မှတ်ပုံတင်လာသော အသင်းများကိုသာ လက်ခံသွားမည်ဖြစ်ပြီး စုစုပေါင်း အသင်း (၃) သင်း Qualified ဖြစ်မည်ဖြစ်သည်။

ထို့နည်းတူစွာ November 1,2 တွင် ထပ်မံကျင်းပမည့် Qualifier #2 တွင်လည်း စုစုပေါင်း အသင်း (၃) သင်း Qualified ဖြစ်မည်ဖြစ်ပြီး အဆိုပါ Qualified ဖြစ်သွားမည့် အသင်း (၆) သင်းနှင့် Direct Invite (၄) သင်း ပေါင်းကာ Main Tournament Group Stage အဖြစ် November 11 တွင် စတင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • အဓိက ကစားသမား ( ၅ ) ဦး အရံ ( ၂ ) ဦးမှ ( ၃ ) ဦးထိ စုစုပေါင်း ကစားသမား (၈ ) ဦး စာရင်းပေးသွင်းနိုင်သည်။ စာရင်းပေးသွင်းရာတွင် ကစားသမားတဦးချင်းစီ၏ အမည် ၊ InGame Name ၊ Game ID စသည်ဖြင့် Form ပါအချက်အလက်များအား ပြည့်စုံစွာ ထည့်သွင်းပေးရမည်ဖြစ်သည်။
  • Player တစ်ဦးအနေဖြင့် အသင်းတစ်သင်းထဲတွင်သာ ဆော့ခွင့်ရှိမည်ဖြစ်သည်။ တစ်ယောက်ထဲမှ နှစ်သင်း သို့မဟုတ် နှစ်သင်းနှင့်အထက်တွင် ဆော့ကစားကြောင်းတွေ့ရှိပါက ၎င်းကစားသမားနှင့် လက်ခံစာရင်း ပေးသွင်းလာသော အသင်းများအား The Yangon Major ၏ ယခု Tournament အပါအဝင် ဆက်လက်ပြုလုပ်မည့် ပြိုင်ပွဲများအားလုံး၌ ပါဝင်ခြင်းကို ကန့်သတ် ပိတ်ပင် သွားမည် ဖြစ်သည်။ ထိုကဲ့သို့ ကန့်သတ် ပိတ်ပင်ခြင်းကိုလည်း The Yangon Major Page မှ ကြေငြာသွား
    မည်ဖြစ်သည်။
  • စာရင်းပေးသွင်းရာတွင် Squad အမည် နှင့် InGame Name များကို ရိုင်စိုင်းသော အသုံးအနှုန်းများ လုံးဝ သုံးဆွဲခွင့်မပြုပါ။ သုံးဆွဲ၍ စာရင်းပေးသွင်းလာပါကလဲ လုံးဝ လက်ခံ စဉ်းစားပေးမည်မဟုတ်ပါ။
  • Qualifier အသင်းများအားလုံးထဲမှ ထိပ်ဆုံး ၃ သင်းသာ နောက်တစ်ဆင့် Group Stage သို့ တက်ရောက်ခွင့်ရှိမည်။ Qualifier ပွဲစဉ်များသည် Bo1 Single Elimination Bracket ရှူံးထွက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
  • Qualifier အောင်မြင်သွားပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားသော အသင်းများ အနေဖြင့် ပြိုင်ပွဲ ကျင်းပသော Organization မှ Media Day ( Photo shooting / Interview ) များကို လာရောက်ဖို့ လိုအပ်ပါက မဖြစ်မနေ လာရောက်ပေးရမည်။
  • စတင်ဆော့ကစားမည့်အသင်းများသည် သတ်မှတ်ထားသော အချိန်တွင် စတင်ဆော့ကစားရမည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်ထက် ( ၁၅ ) မိနစ် နောက်ကျသောအသင်းအား DQ အဖြစ်သတ်မှတ်ကာ (Auto Loss) အဖြစ်သတ်မှတ်မည်ဖြစ်သည်။
  • ယှဉ်ပြိုင်မည့်အသင်းများသည် သတ်မှတ်ထားသည့် ပြိုင်ပွဲမစခင် မိနစ် ၃၀ ခန့် ကြို၍ အဆင်သင့်ဖြစ်နေရမည်။ ပြိုင်ပွဲအချိန်ဇယားများကို တရားဝင်ဖော်ပြထားသော Page နှင့် Group ( or ) discord မှ တစ်ဆင့် ဖော်ပြသွားမည်ဖြစ်ပါသည်။
  • Qualifier ပွဲစဥ်များ ဆော့ရာတွင် မိမိနှင့်ယှဥ်ပြိုင်ကစားရမည့် အသင်းကိုယ်စားပြု ဖုန်းနံပါတ်ကို မိမိကိုယ်တိုင် ဆက်သွယ်ကာ ID အပြန်အလှန် Add ပြီး နှစ်ဖက်အသင်းယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
    Custom - Draft Pick
    Bracket အပေါ်မှ အသင်းသည် First pick ရမည်ဖြစ်သည်။
  • Online Quaifier ဖြစ်သည် နှင့် အညီ ကစားသမာ း၏လူမှုရေးအကြောင်းအရဖြစ်စေ ၊ဆက်သွယ်ရေး အခက်ခဲအရဖြစ်စေ၊ကိုယ်ရေးကိုယ်တာပြဿနာဖြစ်စေ ဖြစ်ပေါ်လာသော ကိစ္စရပ်များ အားလုံးဝ တာဝန်ယူမည်မဟုတ်ပါ။ Online Tournament ပြိုင်ပွဲ တစ်ခု ဖြစ်သည်နှင့်အညီ အင်တာနက် အခြေအနေများ မိမိ Mobile Device အခြေအနေများ ပွဲချိန်အတွင်း ဖြစ်ပေါ်ခဲ့ပါက တာဝန်မယူပါ။
  • ပွဲချိန်အတွင်း Surrender မှားခေါ်မိသည်ရှိသော် တစ်ဘက်အသင်း ဆန္ဒအတိုင်း ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
  • တဘက်အသင်းအား ရိုင်းပြသော ပြောဆိုမှုများ / ဆဲဆိုမှုများ လုံးဝ ခွင့်မပြုပါ။
  • တရားမဝင်သော CHEATING SOFTWARE များ သုံးဆွဲခွင့် လုံးဝ ခွင့်မပြုပါ။
  • Qualifier ပွဲတိုင်း၏ မိမိပွဲစဉ်အနိုင်ရလဒ်များကို သတ်မှတ်ထားသော Discord channel တွင် ပွဲပြီး Result SS နှင့်အတူ အချိန်မှီ ပွဲပြီးပြီးချင်း Report တင်ပေးရမည်ဖြစ်သည်။ သတ်မှတ်ထားသော အချိန်မှ Report မတင်နိုင်လျှင် ထိုပွဲစဉ် ယှဉ်ပြိုင်သူ နှစ်သင်းလုံး ပြိုင်ပွဲမှ အလိုအလျောက်ထွက်ခွာရမည်ဖြစ်သည်။
    မည်သည့် နည်းပညာဆိုင်ရာ အခက်အခဲများကြောင့်မဆို မိမိတို့သဘောအလျှောက် တစ်ဖက်အသင်းကို DQ လုပ်ခြင်းများ စွပ်စွဲခြင်းများ မပြုလုပ်ရပဲ အချိန်မရွေး Admin Team သို့ Report လာရောက်တင်ပြရမည်ဖြစ်သည်။ တစ်ဖက်အသင်းမှ ပြိုင်ပွဲစည်းများနှင့် အညီမယှဉ်ပြိုင်ခြင်းများ ကို သံသယ ရှိခဲ့သည်ရှိသော် တစ်ဘက် အသင်းမှ ထို အကျိူး အမြတ်ကို မရယူခင် အချိန်မှီ သက်သေနှင့်အတူ ပြိုင်ပွဲ Admin ကို အချိန်မှီ အ‌ကြောင်းကြားပေးရမည်။
    ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက Admin သို့ အကြောင်းကြား ၍ မိမိပြသနာကို တင်ပြနိင်သည် ။ ဖြစ်ပေါ်လာသော အကြောင်းအရာ ကိစ္စရပ်များကို Admin Team ၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာရမည်။ မည်သည့် အကြောင်းအရာ ကိစ္စရပ်များကိုမဆို Admin Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
    ယခု Qualifier #1 တွင် Qualified မဖြစ်သော အသင်းများအနေနှင့် Qualifier #2 တွင် ဆက်လက် စာရင်းပေးသွင်းကာ ယှဉ်ပြိုင်နိုင်ပါသည်။

ပါဝင်မည့်အသင်းများ

  • Direct Invited ၄ သင်း
  • Qualified အသင်း ၆ သင်း
    • Qualifier #1 ၃ သင်း
    • Qualifier #2 ၃ သင်း

Group Stage ပွဲများ

  • Group A နှင့် B ခွဲမည်ဖြစ်ပြီး Group တစ်ခုလျှင် ၅ သင်းစီ ပါဝင်ပါမည်
  • Single Round-Robin အတိုင်း ဆော့ရမည်ဖြစ်သည်
  • အုပ်စု နှစ်ခုမှ ပထမ နှင့် ဒုတိယ နှစ်သင်းစီသည် Upper Bracket Semi-Final သို့ တိုက်ရိုက် တက်ရမည်ဖြစ်သည်
  • အုပ်စုနှစ်ခုမှ တတိယနှင့် စတုတ္ထ နှစ်သင်းစီသည် Lower Bracket - Round 1 တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
  • ကျန် အုပ်စုနှစ်ခုမှ ပဉ္စမ အသင်းများသည် ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့ပါ
  • Group Stage ပွဲများအားလုံးသည် Bo2 ပွဲစဉ်များသာဖြစ်သည်

Tie-Breaker Rules

Group Stage ပွဲများအပြီး Play-Off Bracket သို့ တက်ရောက်ရန် သရေရလဒ်များ ဖြစ်ပေါ်လာပါက အောက်ပါ Tie-Breaker Rule များအတိုင်း ဆက်လက်ဆောက်ရွက်သွားပါမည်။

  • Tie Breaker ဖြစ်ပါက အမှတ်တူ အသင်းများ BO1 ပြန်ဆော့၍ နိုင်ပွဲ အများဆုံးသူ သာ Playoff အဆင့်သို့ တက်ရောက်ရမည် ဖြစ်သည်။
     

Play-Off Matches

  • Double Elimination Bracket ဖြစ်သည်။
    Play-Off ပွဲများအားလုံးသည် Bo3 များဖြစ်သည်။
    Upper Bracket Final နှင့် Lower Bracker Final ပြဲမ်ားသည္ Bo5 ဖြစ်သည်။
    Grand Final ပွဲသည် Bo7 ဖြစ်သည်။

Admin Team Contact

Melt: 09 945 914999

Aung Nyein Chan: 09977867158