ခုလက်ရှိဆော့ကစားနေတဲ့ The International 2023: Qualifiers မှာရေပန်းစားနေတဲ့ Pick Rate အများဆုံး Heroes ၅ ကောင်ကိုဖော်ပြသွားပေးမှာပါ။
 
No.1 နေရာမှာတော့ Mobility Hero တစ်ကောင်ဖြစ်တဲ့ Ember Spirit ပါ။
ပြောင်းလဲမှုတွေအများကြီးပြုလုပ်ထားတဲ့ 7.34 New Patch မှာ Ember Spirit ကိုအများကြီးပြောင်းလဲထားတာမျိုးမရှိပေမဲ့ illusion ရှင်းရလွယ်ကူတဲ့ MAELSTROM, MJOLLNIR နဲ့ RADIANCE လို Items များကို ခုလက်ရှိ meta မှာ 150% bonus damage to illusions ထပ်ပြီး buff ပေးထားတာကြောင့် အရင် patch တွေထဲက pick rate အတော်အသင့်ရှိတဲ့ Ember Spirit ကို ခု meta မှာ illusion counter heroအနေနဲ့ ပိုပြီး Pick Rate များနေတယ်လို့မြင်မိပါတယ်ဗျ။
 
No.2 နေရာမှာတော့ Vengeful Spirit ပါ ရှေ့ Patch တွေမှာ ရန်ဖန်ရန်ခါမှတွေ့ရခဲပေမဲ့လည်း ခု Patch အပြောင်းအလဲမှာ skill 2 (Wave of terror) မှာအရင် Armor ပဲလျော့ရာကနေ total attack damage ကို 15/20/25/30% အထိ level အဆင့်ဆင့်အလိုက် Damage လျော့တာပါပေါင်းထည့်ထားတဲ့အတွက်ကြောင့်တော်တော်ကိုပြန် pick လာကြတဲ့အနေအထားလို့မြင်မိတယ်ဗျ။ Role အရလည်း Support ကနေ Offlane အထိကစားလို့ရနေတဲ့အတွက်ကြောင့် တော်တော်ကို flexible ဖြစ်တဲ့ Hero တစ်ကောင်အနေနဲ့ ယခု meta ထဲကိုပြန်လည်ဝင်ရောက်လာတယ်လို့မြင်မိပါတယ်။
 
No.3 နေရာမှာတော့ Gyrocopter ပါ အရင် Patch တွေမှာသိပ်တွေ့ရလေ့မရှိပေမဲ့ ခု Patch မှာပြောင်းလဲပေးလိုက်တဲ့ Slow resistant mechanic အရ (skill 1) ROCKET BARRAGE သုံးနေစဉ်အတွင်းအတွင်းမှာ 20/30/40/50% စတဲ့ slow resistance ကိုရရှိမှာဖြစ်ပါတယ်။ FLAK CANNON Radius ကိုလည်း 1000 to 1250 အထိတိုးပေးထားတဲ့အပြင် FLAK CANNON duration အတွင်းမှာ 200 bonus night vision ကိုရရှိမှာပဲဖြစ်ပါတယ် အဓိကအပြောင်းအလဲအနေနဲ့ aghs scepter upgrade မှာ Hero အနားမှ random target ကိုတစ်ချက်ပစ်ရာကနေ FLAK CANNON activate လုပ်ထားတဲ့ duration အတွင်း random target ကိုတစ်ချိန်ထဲအတွင်းမှာ နှစ်ချက်ပစ်တဲ့အတွက်ကြောင့် တော်ရုံ battle ထဲမှာ FLAK CANNON နဲ့ Satanic ဖွင့်ထားရုံနဲ့ Survive ဖြစ်ဖို့ ရာခိုင်နှုန်း များနေမှာဗျ ဒီအပြောင်းအလဲတွေကြောင့်ပဲ meta မှာ hard core carry တစ်ကောင်အနေနဲ့ pick rate အများဆုံးစာရင်းထဲမှာရှိနေပါတယ်။
 
No.4 နေရာမှာတော့ Power Supp player တွေအကြိုက် Rubick ပါ Patch တိုင်း nerf ခံနေရပေမဲ့ ခုထိ pick rate များနေတဲ့ players တွေရဲ့ all time fav hero တစ်ကောင်ဆိုလည်းမှားမယ်မထင်ပါဘူး။ 7.34 patch မှာလည်း Aghanim’s Shard ကရရှိမည့် Bonus Throw Range ကို 85% to 50% အထိ decrease လုပ်ထားပြီး (skill 3) ARCANE SUPREMACY ရဲ့ Cast Range ကိုလည်း အရင် 100/150/200/250 ကနေ 60/120/180/240 ထိ nerf ထားတာတွေ့ရပါတယ်။ ဒီလိုမျိုး patch တိုင်းတောက်လျောက် nerf ထားတဲံ့ကြားက competitive scene မှာ game changer power supp တစ်ကောင်အနေနဲ့ဆက်လက် pick နေတုန်းပါပဲ။
 
No.5 နေရာမှာတော့ Pangolier ပါ 7.34 patch changes အနေနဲ့ (skill 2) SHIELD CRASH ကို အရင်က damage reduction per hero နေရာမှာ level အလိုက် 50/100/150/200 barrier per hero ကို 10 sec ပြောင်းလဲပေးခဲ့ပါတယ်။ (skill 3) LUCKY SHOT ကလည်း အရင်ကလို Disarms မဖြစ်တော့ပဲ level အလိုက် 40/80/120/160 attack speed reduction ကိုပဲပေးတော့မှာပါ။ Talent အပြောင်းအလဲအနေနဲ့ကတော့ Level 20 Talent မှာ +5% Shield Crash Reduction Per Hero ကို +100 Shield Crash Barrier Per Hero နဲ့ပြောင်းလဲထားခဲ့ပါတယ်။ ဒီလိုမျိုးပြောင်းလဲမှုတွေလုပ်ပြီး nerf ထားပေမဲ့ diffusal တစ်ချောင်းရတာနဲ့ power spike အစောကြီးရောက်တဲ့အပြင် ultimate stun/control အပြည့်ပါတဲ့ flexible ဖြစ်တဲ့mid hero တစ်ကောင်အနေနဲ့ qualifier မှာ pick rate များနေဆဲပါပဲ။
Spread the love

By Silencz

Leave a Reply

Your email address will not be published. Required fields are marked *