9Pandas (1496 DPC Points)

9Pandas Results This Year :

  • DPC Season I : 3rd
  • Lima Major : 9th-12th
  • DPC Season II : 1st
  • Berlin Major : 3rd
  • DPC Season III : 3rd
  • Dream League Season 20 : 6th
  • Bali Major : 5th-6th
  • Riyadh Masters : 5th-6th

9Pandas ရယ်လို့မဖြစ်ခင် Hellraisers နာမည်နဲ့ဆော့ခဲ့တုန်းက HR အသင်းဟာမျက်နှာသစ် Player တွေနဲ့စပြီးဖွဲ့ထားတဲ့အသင်းဖြစ်တာကြောင့် သူတို့ကိုသိပ်ပြီးသတိမထားမိကြပါဘူး။ Nature Prophet Spammer အဖြစ်လူသိများတဲ့ “Daxak” နဲ့တုန်းက “Solo” ရဲ့အသင်းဟာ Season သစ်အစမှာ Tier 1.5 သာသာလောက်သာရှိခဲ့ပါတယ်။ “Daxak” က Skill ကောင်းတဲ့ Player တစ်ယောက်ဖြစ်ပေမယ့် Hero pool အရမ်းကျဉ်းတဲ့ အားနည်းချက်တစ်ခုက HR ရဲ့Draft ကို ယှဉ်ဆော့နေတဲ့အသင်းတွေကမှန်းရလွယ်လွန်းနေအောင် ပျင်းဖို့ကောင်းတဲ့ Draft တွေဖြစ်လို့နေခဲ့တယ်။

ဒီအနေအထားကိုဖြေရှင်းဖို့အတွက် “Solo” ဟာအဲ့အချိန်မှာအသင်းလက်မဲ့ဖြစ်နေတဲ့ သူ့သားပေါက်အရင်းအချာဖြစ်တဲ့ Old Teammate “RAMZEE666” ကို “Daxak” နေရာမှာအစားထိုးခဲ့တယ်။အဲ့အချိန်ကနေစပြီး အသင်းရဲ့ တိုးတက်ချက်က ကြောက်ဖို့လန့်ဖို့ကောင်းလောက်အောင် တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ဒေသတွင်း EEU Region က အင်အားကြီးအသင်းတွေဖြစ်တဲ့ Team Spirit တို့ အသစ်ဖွဲ့စည်းထားတဲ့ BetBoom တို့ကိုကောင်းကောင်းကြီး ခြိမ်းခြောက်လာနိင်ခဲ့တယ်။ဒီနေရာမှာ “RAMZEE” အပြောင်းအလဲကအသင်းအတွက် Impact ရှိတဲ့အပြောင်းအလဲတစ်ခုလို့ဆိုရမှာဖြစ်ပေမယ့်လဲ အသင်းမှာဆက်ကျန်နေခဲတဲ့ လူငယ်လေးသုံးယောက်ရဲ့ကြိုးစားမှုတွေကိုလဲအသိအမှတ်ပြုရပါမယ်။အသင်းကောင်းတစ်သင်းဖြစ်လာဖို့ဆိုတာအားလုံးကြိုးစားပြီး Harmony ဖြစ်နေမှအဆင်ပြေမှာပါ။အထူးသဖြင့် ‌mention ရမယ်ဆိုရင် Upcoming Star Player “depressed kid” aka “Kiyotaka” ပါပဲ။ အရင် Empire လိုအသင်းမျိုးတွေမှာဆော့ခဲ့တယ်ဆိုပေမယ့် Tier 2 သာသာမှာပဲရှိခဲ့တာကနေ ဒီနှစ်မှာမှသိသိသာသာကိုတိုးတက်လာပြီး သူရဲ့ Tinker ကိုအခုဆိုအသင်းတွေက ban ရလောက်တဲ့အထိ Respect ပေးနေရပါပြီ။

ဒီအသင်းရဲ့အကြီးမားဆုံးအခက်အခဲတစ်ခုကိုပြောပါဆိုရင်တော့ Mental အပိုင်းမှာ Stable မဖြစ်တာပါ။အဓိကကတော့ “RAMZEE666″ပေါ့။အားလုံးလဲသိကြတဲ့အတိုင်း “RAMZEE” ဟာအရမ်း Toxic ဖြစ်ပါတယ်။Individual skill အရပြောစရာမလိုပေမယ့် သူရဲ့ Game ထဲကလက်စွမ်းက သူရဲ့စိတ်အခြေအနေနဲ့တိုက်ရိုက်အချိုးကျနေတဲ့အတွက် “RAMZEE”ကိုသာ Game ထဲမှာ Mental Breakdown လုပ်နိုင်ပြီဆိုရင် 9Pandas ရဲ့ Playstyle ကတစ်မျိုးပြောင်းလဲသွားတာတွေ့ရမှာပါ။

ဒီအခက်အခဲကိုသာ‌ဖြေရှင်းဖို့ အဖြေတွေ့သွားမယ် ဒီ Form အတိုင်းဆက်ထိန်းထားမယ်ဆိုရင် TI မှာ TOP 6 လောက်ထိတော့ အနည်းဆုံးဝင်နိုင်လိမ့်မယ်လို့ထင်မိပါတယ်။ပန်ဒါကိုးကောင်အသင်း TI မှာရလဒ်တွေဘယ်လိုဖြစ်သွားမလဲဆိုတာရင်ခုန်စွာစောင့်ကြည့်ကြတာပေါ့။

Spread the love

By Kelvin Layy

Currently working under Crystal Wings Esports as a talent/analyst/commentator. Mainly played only Dota 2 during the whole pro career with the highest peak MMR was 8.5K. Also, I played in a lot of local Dota 2 professional teams.

Leave a Reply

Your email address will not be published. Required fields are marked *