Biggest Achievement အနေနဲ့ Dota2 player တိုင်းရဲ့ အိပ်မက် ဖြစ်တဲ့ The International ကို (TI-8 နဲ့ TI-9) back to back ရရှိခဲ့ပြီးနောက် မိသားစုကိုအချိန်ပြန်ပေးရင်း တစ်ဖက်မှာလည်း ဝါသနာကိုမစွန့်လွှတ်နိုင်တဲ့ Topson ဟာ OG ကထွက်ခွာပြီးတဲ့နောက် အသင်းတော်တော်များများကို ခြေဆန့်ခဲ့ပါသေးတယ် သူ့ရဲ့ ဒီတိုင်းခန်းလှည့်လည်ရေးခရီးစဉ်ဟာ အခုအခါမှာတော့ Tundra Esports ဆိုတဲ့မှတ်တိုင်မှာ တစ်ထောက်ဝင်ရပ်နားပြီး Solo-Mid အဖြစ် အသုံးတော်ခံ တင်ဆက်ဆော့ကစားပြသွားမှာပဲဖြစ်ပါတယ်။

Topson ရောက်ပြီးနောက် Tundra ရဲ့ Line up အနေနဲ့ကတော့

  • Pos1 – skiter
  • Pos2 – Topson
  • Pos3 – 33
  • Pos4 – Nine
  • Pos5 – Sneyking တို့ပဲဖြစ်ပါတယ်။

ဒီနေရာမှာ Tundra Esports အနေနဲ့ ကျန်းမာရေးကြောင့်အနားယူနေတဲ့ Pos4 player Saksa နေရာမှာလူစားထိုးဖို့မတွေးပဲနဲ့ Pos2 Mid Player Nine ကို Pos4 ဆော့ခိုင်းပြီးတော့ Standin ဝင်လာတဲ့ Topson ကို Solo Middle role ဆော့ခိုင်းထားတာပဲဖြစ်ပါတယ်။

အသိသာအမြင်သာဆုံး Laning Stage အစကနေ 1 vs 1 Individual Skill မြင့်တဲ့ Player နှစ်ယောက်အပြိုင်အဆိုင်ယှဉ်ဆော့ကြတဲ့ Role တစ်ခု၊ ပွဲအစကနေပွဲအဆုံးထိ အသင်းတစ်သင်းရဲ့အသက်သွေးကြောထောက်တိုင်အဖြစ်ရှိနေတဲ့ (Solo Middle) Role လိုမျိုး အရမ်းအရေးကြီးတဲ့ Role ကို Tundra တို့အနေနဲ့ Topson ကို ယုံယုံကြည်ကြည်အပ်နှင်းတာဟာ သူတို့အလိုရှိရာ TI-12 ပုလင်သိမ်းခန်းမှာ အလုပ်ဖြစ်ပါ့မလားဆိုတာဟာလည်းစိတ်ဝင်စားစရာပါပဲ။

ပြောင်းလဲလာတဲ့ Patch Update တွေအရ Mid player အများစုက Super Hard Core Mid heroတွေ pick, 2 Support ဝန်းရံကာ Lane အနိုင်ဆော့ကြပေမဲ့ Back-to-Back Two times Ti winner TOPSON ကတော့ Hardcore Mid တွေအစား
ဖိနပ်တစ်ရံရရုံနဲ့ မြေပုံတစ်ခုလုံးကို မွှေနှောက်ပြီးကစားတတ်တဲ့အတွက်ကြောင့် Timing မြန်မြန်နဲ့ ၅ယောက်ပေါင်းပြီး Surprise Game End တတ်တဲ့Tundra Esports ရဲ့ Play style နဲ့က တော်တော်ကိုအဆင်ပြေလိမ့်မယ်လို့ထင်မိပါတယ်။
အားလုံးနဲ့မတူတစ်မူထူးခြားနေတဲ့ Individual Skill Player TOPSON အနေနဲ့ Ti12 မှာလည်း Tundra Esports နဲ့အတူ အမြင့်ဆုံး Performance နဲ့ Dota History မှာမရှိသေးတဲ့ 3 Time TI Winner ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Spread the love

By Silencz

Leave a Reply

Your email address will not be published. Required fields are marked *