Evil Geniuses (1470 DPC Points)

Evil Geniuses This Year

  • DPC Season I : 2nd
  • Lima Major : 5th – 6th
  • DPC Season II : 2nd
  • Dream League Season 19 : 7th
  • Berlin Major : 4th DPC Season III : 1st
  • Dream League Season 20 : 5th
  • Bali Major : 17th – 18th
  • Riyadh Masters : 9th – 12th

ဒီနှစ် Version Evil Geniuses ဆိုတာဟာ ဟိုးအရင်ကလို တရုတ်မလင်တို့ Bulba တို့ရှိတဲ့ EG မဟုတ်ဘူးဆိုတာ သတိချပ်ရပါမယ်။ယခုနှစ် DPC Season အစမှာအံ့အားသင့်စရာကောင်းတဲ့ အပြောင်းအလဲများစွာပြုလုပ်ချင်တဲ့ EG ဟာ Arteezy တို့တစ်အုပ်စုလုံးကိုစွန့်လွတ်ပြီး တောင်အမေရိက Region ထဲကိုခြေစုံပြစ်ဝင်လာခဲ့ပါတယ်။

Pakazs, C smile, Wisper, Matthew, Panda ဆိုတဲ့ SA သား 5ယောက်ပါတဲ့ Roster ကိုခေါ်ယူခဲ့ပြီး EG ဟာစိန်ခေါ်မှုအသစ်တွေနဲ့အတူ TI အတွက်ခြေလှမ်းစခဲ့ပါတယ်။ဒီRoster မှာစောင့်ကြည့်ရမယ့် Player 2 ယောက်ကတော့ တက်သစ်စ Carry Player “Pakazs” နဲ့ ဗိုလ်လီးဗီးယား လူငယ်လေး “Wisper”ပါ။ Pakazs ဟာ Pro sence ထဲကိုရောက်လာတာမကြာသေးပါဘူး။ ဒါပေမယ့် မထင်ထားလောက်အောင်တော်တော်ကို Stable ဖြစ်တာတွေ့ရပြီး အသင်းကနိမ့်နေချိန်မှာတောင် 5vs1 ချနိုင်တဲ့ Carry player တစ်ယောက်ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ SA Region မှာ Peru နဲ့ Brazil သားတွေကြီးစိုးနေတဲ့အချိန်မှာ Bolivia ကတစ်ယောက်ထဲထွက်ပေါ်လာတဲ့ Offlaner “Wisper”ကတော့ Tryhard လွန်းတဲ့ Player တစ်ယောက်ဖြစ်ပြီး NA/SA Region 2 ခုရဲ့ Rank 1 ကိုအချိန်ကြာကြာရယူထားနိင်တဲ့ Individual skill ကောင်းလွန်းတဲ့ Player ပါ။ သူရဲ့ Signature “Batrider” “Keeper of the Light” “Mars” တို့သွားပေးမိရင် Offlane မှာပြောစရမလိုအောင်ကောင်းပါတယ်။ သို့ပေမယ့်လို့ EG ရဲ့တစ်နှစ်လုံးစာ Results တွေကိုခြုံကြည့်ရမယ်ဆိုရင် အလယ်အလတ်အနေအထားလောက်ပဲရှိတာတွေ့ရပါတယ်။အရမ်းမဆိုးပေမယ့်အရမ်းလဲကောင်းမနေတဲ့ TOP 6 နေရာကိုပြိုင်ပွဲတိုင်းလိုလိုရခဲ့ပါတယ်။

တောင်အမေရိက Region ကဒီနှစ်တွေအတွင်းမှာတော်တော်လေးတိုးတက်လာတာဟာငြင်းလို့မရပါဘူး။အထူးသဖြင့် SA Powerhouse တွေဖြစ်တဲ့ Evil Geniuses နဲ့ beastcoast ကအခရာတွေပေါ့။အခုဆို ဒီနစ် TI မှာ SA region အတွက် TI Qualifier Slots 2 ခုတောင်ပေးထားပါတယ်။ဒါဟာရှေ့ဆောင်လမ်းပြအသင်းတွေရဲ့ ကြိုးစားအားထုတ်မှု Results ကောင်းတွေကြောင့်ဆိုတာငြင်းလို့မရပါဘူး။

ဒါပေမယ့် EG ဟာဘာလို့ထိပ်ပိုင်းတွေလောက်ထိမရောက်နိုင်သေးတာလဲ။ TOP 6 လောက်နဲ့တင်ပြိုင်ပွဲတွေမှာပြုတ်သွားရတာလဲ?? စာရေးသူအမြင်အရတော့ SA Region အသင်းတွေဟာ ကိုယ်ပိုင် Style ကိုယ်ပိုင် Strategy တွေနဲ့သာဆော့လေ့ရှိတဲ့အသင်းတွေဖြစ်နေလို့ပါ။သူတို့ရဲ့ Playstyle တွေဟာ Aggressive ဆန်တယ်၊ လိုက်ချတယ် တစ်ဖက်အသင်းအပေါ်ကိုလွမ်းမိုးချုပ်ကိုင်တဲ့နေရာမှာ တစ်ခြားအသင်းတွေထက်အသင်းလိုက် ပိုပြီးမြန်မြန်ဆန်ဆန်လုပ်ကြတယ်။ဒါပေမယ့် ဒီ Playstyle က High Risk High Reward ဖြစ်ပါတယ်။ ဆက်တိုက်ချပြီးကိုယ့်ဘက်ကပြန်မသေဘူးဆိုရင်အဆင်ပြေပေမယ့် Battle တစ်ခုခုမှာ အလွဲလွဲအချော်ချော်ဖြစ်ပြီးရှုံးခဲ့ရင် Comeback point ပြန်ပေးရတဲ့ပုံစံဖြစ်နေပါတယ်။ Item timing Hero timing တွေကိုစောင့်တဲ့ Playstyle မဟုတ်တာကြောင့် ပွဲအနိုင်ရဖို့ Gambling ပိုဆန်ပါတယ်။သို့ပေမယ့်လဲ SA သားတွေဟာသူတို့ရဲ့ ပင်ကို Style ကနေပြောင်းလဲမှာတော့မဟုတ်ပါဘူး။

Unique ဖြစ်တဲ့ ဒီ Playstyle နဲ့ရှေ့ဆက်ကြမှာဖြစ်ပါတယ်။ဆိုတော့ ဒီနှစ် TI EG ကိုမျှော်လင့်လို့ရနိုင်မလား။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် စာရေးသူအမြင်အရ EG က TI မှာလဲသူတို့ရနေကျ TOP 6 ထိလောက်ပဲရနိုင်ပြီး ဒီထက်ပိုနိုင်တဲ့အနေအထားတော့မရှိဘူးလို့မြင်မိတယ်။Bracket တစ်ကွေ့ကွေ့မှာ WEU ကအသင်းနဲ့တွေ့ပြီး Strategy မရှင်နိုင်ပဲပြုတ်သွားမယ်လို့ထင်မိပါတယ်။

Spread the love

By Kelvin Layy

Currently working under Crystal Wings Esports as a talent/analyst/commentator. Mainly played only Dota 2 during the whole pro career with the highest peak MMR was 8.5K. Also, I played in a lot of local Dota 2 professional teams.

Leave a Reply

Your email address will not be published. Required fields are marked *