The Yangon Major - Dota 2 - Qualifier Rules & Tournament Format

The Yangon Major 2023 ပြိုင်ပွဲ၏ နောက်ဆုံး game တစ်ခုဖြစ်တဲ့ Dota 2 အတွက် Total Prizepool ကလည်း သိန်း ၅၀၀ ဖြစ်ပြီး Qualifier ၂ခုက တက်လာမည့် အသင်း ၆ သင်းနှင့် direct invite ၄ သင်း စုစုပေါင်း ၁၀ သင်းဟာ group stage, playoffs ( double-elimination bracket ) တို့ကိုအဆင့်ဆင့်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်
ဆုကြေးခွဲဝေမှုများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်
  • 1st - 20,000,000 MMK
  • 2nd - 10,000,000 MMK
  • 3rd - 5,000,000 MMK
  • 4th - 4,000,000 MMK
  • 5th - 6th - 2,500,000 MMK
  • 7th - 8th - 2,000,000 MMK
  • 9th - 10th - 1,000,000 MMK

Announcement Link: https://www.facebook.com/theyangonmajor/posts/pfbid0mg7jwNEbq9yY7cTSsJxcJYX7jQSaeGQw46EMe6RzqniJJDAVehQZ49mq9wNKoTgKl

The Yangon Major: Open Qualifier #1 အတွက် စက်တင်ဘာလ ၁၀ ရက် ၂၀၂၃ ခုနှစ် နေ့လည် ၁၂ နာရီ တွင် စတင် Register ပြုလုပ်နိုင်မှာဖြစ်ပြီး Qualifier #1 ပွဲစဉ်များကို September 18,19 ရက်များတွင် မနက် 10:00 AM မှ ည 8:00 PM အတွင်း ဆော့ရမည်ဖြစ်သည်။ Register စတင်ပြုလုပ်နိုင်သည့်အချိန်မှ စ၍ အချက်အလက်ပြည့်စုံစွာဖြင့် အရင်ဦးဆုံးမှတ်ပုံတင်လာသော အသင်းစုစုပေါင်း ၂၄ သင်းကိုသာ လက်ခံသွားမည်ဖြစ်ပြီး စုစုပေါင်း အသင်း (၃) သင်း Qualified ဖြစ်မည်ဖြစ်သည်။ ထို့နည်းတူစွာ November 1,2 တွင် ထပ်မံကျင်းပမည့် Qualifier #2 တွင်လည်း စုစုပေါင်း အသင်း (၃) သင်း Qualified ဖြစ်မည်ဖြစ်ပြီး အဆိုပါ Qualified ဖြစ်သွားမည့် အသင်း (၆) သင်းနှင့် Direct Invite (၄) သင်း ပေါင်းကာ Main Tournament Group Stage အဖြစ် November 11 တွင် စတင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

  • အဓိက ကစားသမား ( ၅ ) ဦး အရံ ( ၁ ) ဦး စုစုပေါင်း ကစားသမား (၆) ဦး စာရင်းပေးသွင်းနိုင်သည်။ စာရင်းပေးသွင်းရာတွင် ကစားသမားတဦးချင်းစီ၏ အမည် ၊ မှတ်ပုံတင်အမှတ် ၊ မွေးသက္ကရာဇ် ၊ InGame Name ၊ Steam ID ၊ Steam Profile Link စသည်ဖြင့် Form ပါအချက်အလက်များအား ပြည့်စုံစွာ ထည့်သွင်းပေးရမည်ဖြစ်သည်။
  • Player တစ်ဦးအနေဖြင့် အသင်းတစ်သင်းထဲတွင်သာ ဆော့ခွင့်ရှိမည်ဖြစ်သည်။ တစ်ယောက်ထဲမှ နှစ်သင်း သို့မဟုတ် နှစ်သင်းနှင့်အထက်တွင် ဆော့ကစားကြောင်းတွေ့ရှိပါက ၎င်းကစားသမားနှင့်လက်ခံစာရင်းပေးသွင်းလာသောအသင်းများအား The Yangon Major ၏ ယခု Tournament အပါအဝင် ဆက်လက်ပြုလုပ်မည့် ပြိုင်ပွဲများအားလုံး၌ ပါဝင်ခြင်းကို ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်သည်။ ထိုကဲ့သို့ ကန့်သတ်ပိတ်ပင်ခြင်းကိုလည်း The Yangon Major Page မှ ကြေငြာသွားမည်ဖြစ်သည်။
  • စာရင်းပေးသွင်းရာတွင် အသင်းအမည် နှင့် InGame Name များကို ရိုင်စိုင်းသော အသုံးအနှုန်းများ လုံးဝ သုံးဆွဲခွင့်မပြုပါ။ သုံးဆွဲ၍ စာရင်းပေးသွင်းလာပါကလဲ လုံးဝ လက်ခံ စဉ်းစားပေးမည်မဟုတ်ပါ။
  • စတင်ဆော့ကစားမည့်အသင်းများသည် သတ်မှတ်ထားသော အချိန်တွင် စတင်ဆော့ကစားရမည်ဖြစ်ပြီး သတ်မှတ်ထားသော အချိန်ထက် ( ၁၅ ) မိနစ် နောက်ကျသောအသင်းအား DQ အဖြစ်သတ်မှတ်ကာ (Auto Loss) အဖြစ်သတ်မှတ်မည်ဖြစ်သည်။
  • Bracket ၏ အပေါ်ဘက် အသင်းတာဝန်ရှိသူမှ Bracket ၏ အောက်ဖက် အသင်းတာဝန်ရှိသူထံ ဖုန်းဖြင့်သော်လည်းကောင်း Discord Channel တွင်သော်လည်းကောင်း ဆက်သွယ်၍ ပြိုင်ပွဲအား ဆော့ကစားရမည်ဖြစ်သည်။ Bracket ၏ အပေါ်ဘက်အသင်းမှ တာဝန်ရှိသူမှ Lobby Create လုပ်ရမည်ဖြစ်သည်။
  • Pause Time ကို တစ်ဘက် ၁၀ မိနစ် အနေဖြင့် စုစုပေါင်း မိနစ် ၂၀ သတ်မှတ်ထားပါသည်။
  • ပွဲချိန်အတွင်း gg မှားခေါ်မိသည်ရှိသော် တစ်ဘက်အသင်း ဆန္ဒအတိုင်း ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
  • တဘက်အသင်းအား ရိုင်းပြသော ပြောဆိုမှုများ / ဆဲဆိုမှုများ လုံးဝ ခွင့်မပြုပါ။
  • တရားမဝင်သော CHEATING SOFTWARE များ သုံးဆွဲခွင့် လုံးဝ ခွင့်မပြုပါ။
  • ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် အဆင်မပြေမှုများ ဖြစ်ပေါ်လာပါက Admin သို့ အကြောင်းကြား ၍ မိမိပြသနာကို တင်ပြနိင်သည် ။ ဖြစ်ပေါ်လာသော အကြောင်းအရာ ကိစ္စရပ်များကို Admin Team ၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာရမည်။ မည်သည့် အကြောင်းအရာ ကိစ္စရပ်များကိုမဆို Admin Team ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
  • ယခု Qualifier #1 တွင် Qualified မဖြစ်သော အသင်းများအနေနှင့် Qualifier #2 တွင် ဆက်လက် စာရင်းပေးသွင်းကာ ယှဉ်ပြိုင်နိုင်ပါသည်။

ပါဝင်မည့်အသင်းများ

  • Direct Invited ၄ သင်း
  • Qualified အသင်း ၆ သင်း
    • Qualifier #1 ၃ သင်း
    • Qualifier #2 ၃ သင်း

Group Stage ပွဲများ

  • Group A နှင့် B ခွဲမည်ဖြစ်ပြီး Group တစ်ခုလျှင် ၅ သင်းစီ ပါဝင်ပါမည်
  • Single Round-Robin အတိုင်း ဆော့ရမည်ဖြစ်သည်
  • အုပ်စု နှစ်ခုမှ ပထမ နှင့် ဒုတိယ နှစ်သင်းစီသည် Upper Bracket Semi-Final သို့ တိုက်ရိုက် တက်ရမည်ဖြစ်သည်
  • အုပ်စုနှစ်ခုမှ တတိယနှင့် စတုတ္ထ နှစ်သင်းစီသည် Lower Bracket - Round 1 တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
  • ကျန် အုပ်စုနှစ်ခုမှ ပဉ္စမ အသင်းများသည် ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့ပါ
  • Group Stage ပွဲများအားလုံးသည် Bo2 ပွဲစဉ်များသာဖြစ်သည်

Tie-Breaker Rules

Group Stage ပွဲစဉ်များအပြီး ရမှတ်တူ အသင်းများဖြစ်ပေါ်လာပါက အောက်ပါ tie-breaker rules များအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။
  • ရမှတ်တူ ဖြစ်ပေါ်သော အသင်း အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုရလဒ်ပေါ်မူတည်၍ အသာရခဲ့သော အသင်းမှ အနိုင်ရမည်ဖြစ်သည်
  • နိုင်ပွဲအရေအတွက် များသော အသင်းမှ အနိုင်ရရှိမည်ဖြစ်သည်
  • 1 Vs 1 (Bo1) - Hero: Shadow Fiend

Play-Off Matches

  • Double Elimination Bracket ဖြစ်သည်
  • Play-Off ပွဲများအားလုံးသည် Bo3 များဖြစ်သည်
  • Grand Final ပွဲသည် Bo5 ဖြစ်သည်

Admin Team Contact

Phone: 09899989502

Email: [email protected]