အားလုံးပဲ မင်္ဂလာပါ….ဒီနေ့မှာတော့ Gamer တွေအကြား ရင်းနှီးပြီးသားဖြစ်မယ့် Discord ရဲ့ အသုံးဝင်ပုံနဲ့ လူသိနည်းတဲ့ Feature တွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ များသောအားဖြင့် Game တွေဆော့တဲ့အခါ game ထဲမှာ အချိတ်အဆက်မိအောင် စကားတွေပြောနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ Game တိုင်းလိုလိုမှာလဲ Voice Chat ပြောဖို့အတွက်ကို Feature တွေထားပေးထားပါတယ်။ သို့ပေမယ့် Ingame က voice chat တွေဟာ သိပ်ပြီးကောင်းမွန်လေ့မရှိဘဲ Latency များပြီး Delay ဖြစ်တာတွေ၊ အသံ quality ရှင်းလင်းစွာမကြားရတာတွေကြောင့် သောကရောက်ကျရပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နောက်ပိုင်း (2015 လောက်)မှာ Discord ဆိုတဲ့ Software တစ်ခု Gamer တွေကြား ရောက်ရှိလာပါတယ်။

Discord ဆိုတာ အဓိကအားဖြင့် Game ထဲမှာ စကားအပြောအဆို (communitcation) အတွက် သုံးတဲ့ software တစ်ခုလို့ပြောရပါမယ်။ ဘာလို့ Game ထဲက Voice chat ကိုမသုံးဘဲ Discord ကို Gamer တွေအသုံးများလာလဲ ဆိုတဲ့အ​ကြောင်းကတော့ ရှေ့မှာပြောခဲ့တဲ့ အခက်အခဲတွေ အကုန်လုံးကို သူ့ဆီမှာဖြေရှင်းပေးထားလို့ပါပဲ။ Delay နည်းသွားတယ်၊ Noise တွေအရမ်းမထတော့ဘူးပေါ့။ Free to use ဖြစ်တဲ့အတွက်လဲ မည်သူမဆို အသုံးပြုရလွယ်ကူပါတယ်။Pc version ရော Mobile phone version ရောရှိတဲ့အတွက် အခုနောက်ပိုင်း Pc game တင်မက Mobile game ဆော့တဲ့နေရာမှာလဲ တွင်တွင်ကျယ်ကျယ် အသုံး ပြုလာကြပါတယ်။

ဒါတင် မကသေးပါဘူး။ Discord ရဲ့ တစ်ခြားအသုံးဝင်တာတွေ ရှိပါသေးတယ်။ Discord မှာ Voice channel တွေအပြင် စာရိုက်လို့ရတဲ့ Text channel တွေ၊ ဘော်ဒါတွေနဲ့ Group chat ပုံစံလိုမျိုးလည်းလုပ်လို့ရပါတယ်။ Text channel ထဲမှာပဲ အပြင်က third party music BOT တွေထည့်ပြီး သီချင်းနားထောင်တာတို့၊ Memes BOT တွေထည့်ပြီး Memes ပုံတွေ share ကျတာတို့ အများကြီးလုပ်လို့ရပါတယ်။

ဒါ့အပြင် Voice channel ထဲမှာ Screen share ဆိုတဲ့ Feature ရှိပါတယ်။ ဒါကတော့ ကိုယ် သုံးနေတဲ့ Screen ကို voice channel ကလူတွေကြည့်လို့ရအောင် ပြပေးလို့ရတဲ့ feature ပါ။ အများစုသုံးကြတာကတော့ ချစ်သူနဲ့ နှစ်ယောက်ထဲ ရုပ်ရှင်ကြည့်ကြတာတို့ ( ချစ်သူရှိမှလုပ်လို့ရတဲ့ Feature ပါ :3) ၊ ပြိုင်ပွဲတွေရှိရင်လဲ Watch party လိုမျိုးတွေ လုပ်ပြီး ကြည့်တာတို့အတွက် သုံးကြပါတယ်။

Discord ဆာဗာတွေကို discord သုံးတဲ့သူတိုင်း ထောင်လို့ရပါတယ်၊ Administration ထိန်းချုပ်မှုပိုင်းမှာဆိုလဲ Role တွေကို ကိုယ့်စိတ်ကြိုက် ပေးနိုင်ပြီး လုပ်ပိုင်ခွင့်တွေခွဲဝေပေးတာတွေ (ဥပမာ – user တစ်ယောက်ကို Role ရှိမှ channel ထဲဝင်ခွင့်ပေးတာ၊စာရိုက်လို့ရတာ…etc) လုပ်လို့ရပါသေးတယ်။ Discord ဟာ Free to use ဆိုပေမယ့် Exclusive Feature တွေကိုလိုချင်ရင် Nitro basic, Nitro plus ဆိုပြီး လစဥ်ကြေးပေးပြီး သုံးရပါတယ်။ Exclusive feature တွေမှာဆို screen share တဲ့အခါ 1080p resolution နဲ့ ပိုကြည်အောင် stream လို့ရတာ၊ 500MB အထိ Video တွေပို့လို့ရတာ၊ Custom sticker တွေ Emoji တွေဖန်တီးလို့ရတာ၊ Server တွေကို boost လို့ရတာ၊ အခုနောက်ပိုင်း updated verion မှာဆို သူတ်ို့လုပ်ပေးထားတဲ့ Activity game တွေဆော့လို့ရတာတွေပါဝင်ပါတယ်။ လိုချင်ရင်ဝယ်တော့သုံးပေါ့ 🤣

အခုလိုတွေပြောနေလို့ Discord က ကောင်းကျိုးတွေများလှပါလား ဆိုးကျိုးတွေမရှိဘူးလားလို့တော့ မထင်ပါနဲ့ လောကမှာ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုး ဒွန်တွဲ နေတာပါ။ Discord မှာ တစ်ခါတစ်လေကျ server error တက်တာ (သို့) server down သွာတဲ့ အချိန်မှာ voice channel ဝင်လို့မရတာတွေ၊ Bug တွေဖြစ်ပြီး ဝင်လို့မရတာတွေရှိပါတယ်။ နောက်တစ်ခုက Ram စားတာပါ စာရေးသူ pc လို potato pc ပဲတတ်နိုင်တဲ့ သူတွေကတော့ Discord ram စားတဲ့ ဒုက္ခကတော်တော်ဆိုးပါတယ်၊ Discord ဖွင့်လိုက်ရင် စက်က အော်တိုလေးသွားသလိုခံစားရစေပါတယ်။ အဆိုးဝါးဆုံးတစ်ခုကတော့ Discord account တွေကို မသမာသူတွေက scam ပြီး text channel တွေထဲမှာ Spam message တွေလိုက်ပို့တာပါ notiတွေတောက်လျှောက်တက်ပြီး တော်တော်ကိုအာရုံနောက်ပါတယ်။ ဒါကို Discord အနေနဲ့လဲ သေချာမဖြေရှင်းနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Discord ကတော့ Gamer တွေအတွက် တစ်ကယ််ကိုမရှိမဖြစ်လိုအပ်တဲ့ communication software တစ်ခုလို့ပြောရပါမယ်။ Discord အ​ကြောင်း သတိမထားမိသေးတဲ့ သူတွေအတွက်အသုံးဝင်မယ်လို့ ထင်ပါတယ်။ အမှားပါသွားတာ ကျန်ခဲ့တာတွေရှိခဲ့ရင်လည်း နားလည်ဖြည့်တွေးပေးကြပါလို့ ပြောရင်းနဲ့ အားလုံးပဲ သာယာတဲ့နေ့တစ်နေ့ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

CW.Kelvin Layy

Photo Credit: www.wallpaperflare.com

Spread the love

By Kelvin Layy

Currently working under Crystal Wings Esports as a talent/analyst/commentator. Mainly played only Dota 2 during the whole pro career with the highest peak MMR was 8.5K. Also, I played in a lot of local Dota 2 professional teams.

Leave a Reply

Your email address will not be published. Required fields are marked *