Team Liquid (2150 DPC Points)
Team Liquid Result This Year
- DPC Season I : 1st Lima Major
- 2nd DPC Season II : 1st Berlin Major
- 2nd Dream League Season 19 : 2nd DPC Season III
- 4th Bali Major : 2nd Dream League Season 20
- 15th – 16th Riyadh Master : 2nd
ဒီနှစ်အတွင်းမှာ Team Liquid ဟာ DPC Season မစခင်အသင်းကအနားယူသွားတဲ့ Legend ကြီး MATUBAMAN နေရာမှာ Team Secret Player ဖြစ်တဲ့ Nisha ကိုခေါ်ယူခဲ့ပါတယ်။ဒီအပြောင်းအလဲဟာ Team Liquid ကိုနောက်ထပ် Level တစ်ခုကိုတွန်းပို့ပေးလိုက်တဲ့အပြောင်းအလဲတစ်ခုဆိုတာငြင်းလို့မရပါဘူး။Nisha ရောက်လာပြီးချိန်ကစပြီး Liquid ရဲ့လက်စွမ်းဟာလုံးဝကျမသွားခဲ့တာတွေ့ရမှာပါ။
အကောင်းဆုံးအရှုံးသမားတွေလို့နာမည်တွင်သွားအောင် Tier 1 Tournment တိုင်းရဲ့ Grand Finals တိုင်းမှာ ဒုတိယများစွာနဲ့သာကျေနပ်ခဲ့ရပေမယ့် တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုလဲ ဒီလိုမျိုးတောက်လျှောက် Consistent ရှိစွာအသင်းလက်စွမ်းကိုထိန်းထားနိုင်ခဲ့တာကိုချီးကျူးရပါမယ်။DOTA မှာ တစ်ရာသီလုံးလက်စွမ်းငြိမ်နေအောင်ထိန်းထားဖို့ဆိုတာမလွယ်ကူပါဘူး။Major တွေမှာတင်မက ပုံမှန်ဆော့နေကျဖြစ်တဲ့ DPC Season တွေမှာလဲရလဒ်တွေကောင်းပြီး Major တိုင်း Qualified ဖြစ်တဲ့အသင်းပါ။
ဒီနှစ် TI ကိုတော့ DPC points အများဆုံးနဲ့ Direct Invite ရခဲ့ပါတယ်။ Team Liquid ရဲ့သာမှန်မဟုတ်တဲ့ ထူးခြားနေတဲ့အချက်ကိုပြောပါဆိုရင် ပြိုင်ခဲ့တဲ့ Major 3 ခုလုံးမှာ Lower Bracket ကနေပြန်ဆော့ပြီး Finals ကိုတက်လာခဲ့တာပါ။Berlin Major တုန်းကဆို OG ကို Upper First Round မှာတင်ရှုံးပြီး Lower Bracket Round 1 ကနေမှာ Final ရောက်ခဲ့တာတွေ့ရပါတယ်။
ဒါဟာ ဘာကိုညွန်ပြနေသလဲဆိုရင် Liquid မှာ Pressure တွေအောက်ရောက်သွားတဲ့အခြေအနေမျိူးတွေမှာ အချိန်မှီ Bounce Back လုပ်နိုင်တဲ့အချက်ပါပဲ။Liquid ကို သူတို့လိုအပ်နေတဲ့ Momentum ကိုပေးလိုက်တာနဲ့ တကယ်ကိုကြောက်ဖို့ကောင်းတဲ့ အသင်းတစ်သင်းဖြစ်လာမှာပါ။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Liquid ရဲ့မထင်ရင်မထင်သလိုထွက်လာလေ့ရှိတဲ့ Cheesy draft , Cheesy pick တွေပါ။ ဟိုးအရင် MATUBAMAN, qojqva တို့ခေတ်ထဲကထုတ်လေ့ရှိတဲ့ Lone Druid Pick ဟာဒီဘက်ခေတ်မှာလဲမထင်ရင်မထင်သလိုအနိုင်မဖြစ်မနေလိုအပ်နေတဲ့အချိန်တွေမှာ Nisha ကိုပေးပြီးအနိုင်ဆော့တတ်တဲ့အကျင့်တွေရှိပါတယ်။ဒီ Strategy တစ်ခုထဲလားဆိုတော့လဲမဟုတ်သေးပါဘူး။အမျာကြီးရှိပါသေးတယ်။ဥပမာအနေနဲ့ Witch Doctor io Flow, Oracle Surprise pick တွေ MiCke ကို Lesh လိုမျိုး Carry တွေပေးပြီး Timing နဲ့ထိုးတတ်လာတာတွေ စသဖြင့် Idea တွေအများကြီးသူတို့ဆီမှာရှိပါတယ်။
ဆိုတော့ TI လိုတစ်နှစ်တစ်ခါမှ လာတဲ့ပြိုင်ပွဲကြီးမှာ Liquid အနေနဲ့ဘာတွေများထပ်ပြီးလုပ်ပြသွားနိုင်မလဲ စောင့်ကြည့်ကြတာပေါ့ဗျာ။
