Saksa: အမေနဲ့ရွာကိုလွမ်းလို့ သားပြန်တော့မယ်

အောင်စာရင်းမထွက်ခင်ကတည်းကကျတော့မှာကြိုသိနေတဲ့ဆေးကျောင်းသားတစ်ယောက်လို
ဝီစီမမှုတ်ခင်ကတည်းကပွဲသိမ်းနေတဲ့ကစားပွဲတစ်ခုလို
အဖြေမပေးခင်တည်းကငြင်းခံရတော့မှာသိနေတဲ့ ကောင်လေးတစ်ယောက်လိုပါပဲ
Saksa တစ်ယောက် ပြိုင်ပွဲတစ်ခုဆော့နေရင်းတန်းလန်းကနေ ရုတ်တရက်ကျန်းမာရေးအကြောင်းပြချက်နဲ့အိမ်ပြန်သွားတာတွေ၊ အဲ့ဒိနောက်ပြိုင်ပွဲအကုန် ကျန်းမာရေးအကြောင်းပြချက်နဲ့ပဲတောက်လျှောက်လွဲနေခဲ့တာတွေမြင်နေရကတည်းက ကျွန်တော် ဒီထင်မြင်ယူဆချက်ကိုပြောခဲ့ပါတယ်။

“Saksa တော့ လစ်ပြီနဲ့တူတယ်” လို့

ဆိုတော့ Tundra မှာ Saksa ဘာတွေဖြစ်ခဲ့တာလဲ ဆိုတဲ့ကိစ္စက စိတ်ဝင်စားဖို့ကောင်းလာပြီး ကျွန်တော်တို့လိုအပြင်လူတွေအနေနဲ့သိဖို့ရာလည်း အင်မတန်မှခက်တဲ့ကိစ္စဖြစ်လို့ ရမ်းသမ်းမှန်းလောက်ပဲလုပ်လို့ရမယ်ထင်ပါတယ်။

အဲ့တော့ စပြီးရမ်းသမ်းမှန်းကြည့်ကြတာပေါ့

ရမ်းတယ်ဆိုပေမယ့် သေချာတာတစ်ခုကတော့ Saksa အသင်းကနေထွက်ခဲ့ရတဲ့ကိစ္စမှာ Skitter နဲ့ 33 ညိတဲ့ကိစ္စကလည်းအများကြီးပါပါလိမ့်မယ် အသင်းအတွင်း ကစားပုံနဲ့ပတ်သတ်ပြီး ပဋိပက္ခပြဿနာတွေဖြစ်လာပြီဆိုရင် ဘယ် Player က ငါတို့ကစားကွက်နဲ့ အံမဝင်နေတာလဲ ဘယ်တစ်ယောက်က ငါတို့ရဲ့ အားနည်းချက်ဖြစ်နေတာလဲဆိုတာတွေကလည်း စဉ်းစားရတဲ့အချက်တွေပါပဲ
ဒီနေရာမှာ Dota2 ရဲ့ ပုံမှန်လုပ်နေကြအရွေ့တစ်ခုအကြောင်း ကြားညပ်အရင်ပြောပါမယ် Game ကို ညီမျှနေစေဖို့အတွက် Valve ဟာ Ti ပြီးသွားတိုင်း Ti ရသွားတဲ့အသင်းကိုကြည့်ပြီး Nerf ပါတယ် ဒါက No Personal ပါ နှစ်တိုင်းကို Ti Champion ကိုကြည့်ပြီးပဲ Nerf ပါတယ် သာဓကထုတ်ပြောပါဆို Ti7 Liquid ရတယ် အဲ့တုန်းက Liquid ရဲ့အပိုင် Hero တွေက ၃,၄ ကောင်လောက်ရှိတယ် ဘယ်လိုမှကို First Ban Phase က slot ၂ ခုတည်းနဲ့ Ban လို့မလောက်ပါဘူး အမြဲတစ်ကောင်မဟုတ်တစ်ကောင်လွတ်ပြီး Liquid ကလည်း လွတ်တိုင်းယူပါတယ် ယူတိုင်းလည်းနိုင်တာများပါတယ် ဆိုတော့ Ti7 အပြီးမှာ First Ban Phase ရဲ့ Ban Slot ဟာ ၂ ခုကနေ ၃ ခုကိုပြောင်းလိုက်ပါတယ် Ti8,Ti9 OG ရဲ့ Double Aegis Ownership လမ်းစဉ်မှာဆိုလည်း အဓိကကျခဲ့တာ Buyback Management ပါ ရှင်းပါတယ် Bb cooldown ကိုပြင်လိုက်တယ် ဈေးက်ိုပြင်လိုက်တယ် အလှူလိုဝယ်ထွက်လို့မရတော့ပါဘူး စသဖြင့်တောက်လျှောက် အဲ့လိုပါပဲ Ti Champion တွေဟာ Ti ရပြီးသွားရင် သူတို့ရဲ့ Ti ရခဲ့တုန်းက ကျင့်သုံးခဲ့တဲ့ Game Mechanism တွေကို အလျှော့ခံရပါတယ် အဲ့တော့ Tundra လည်းခံခဲ့ရတာပေါ့ သူတို့ရဲ့အားကိုးရာ 33 ရဲ့လက်စွဲတော် Wraith Pact ကြီးကို Nerf ပလိုက်တာပါ ဒီကိစ္စပြီးတဲ့နောက်မှာ Tundra ကလည်း သိပ်အခြေအနေမဟန်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ် အယ် ဒါနဲ့တင်မပြီးသေးပဲ 7.33 Patch အသစ်ပါချိန်းသွားတော့ မြေပူရာကင်းမှောင့်ဆိုသလို အသင်းတော်တော်များများဟာ ဟန်ချက်ညီဖို့ အတော်ရုန်းကုန်ကြရတဲ့အထဲ Tundra လည်းအပါကြီးပါသွားတော့တယ်။

7.33 Patch Changes ပြီးတဲ့နောက်မှာ Tundra ဟာ အရင်လို စုစုစည်းစည်း Game Plan ကောင်းကောင်းနဲ့ Suprise ပွဲသိမ်းတတ်တဲ့ပုံစံကနေ တစ်ဦးကောင်းတစ်ယောက်ကောင်းပုံစံတွေ Late Game ကျမှ လူမိုက်ဆန်ဆန် Item Full Solt နဲ့ယှဉ်ရိုက်ပြီးနိုင်တာတွေ Draft ကွာလို့ နိုင်တာတွေ လက်သာလို့နိုင်တာတွေလောက်ပဲရှိခဲ့ပြီး Ti မရခင်ကလို ဘယ်လို Hero တွေယူပြီး ဘာ item ရရင် ဘာ Objective လုပ်မယ် ဘယ်လိုပွဲကို End မယ်ဆိုတဲ့ တိကျတဲ့ ပြတ်သားတဲ့ မာကျောတဲ့ သူတို့ရဲ့ကိုယ်ပိုင်ကစားဟန်ကြီးပျောက်သွားပါတယ် မဆော့ခင်တည်းက ဒီ Hero တွေရရင်တော့ Tundra အုပ်ပြီဆိုတဲ့ခံစားချက်တွေပျောက်ကုန်တဲ့အထိ Tundra ဟာ ယိမ်းယိုင်မှန်းမသိယိမ်းယိုင်နေခဲ့ပြီး Ti Champion ဖြစ်နေလို့သာ ဆင်ပိန်ကျွဲလောက်ကျန်ပြီး ရုပ်ပျက်ဆင်းပျက်မဖြစ်အောင်ထိန်းနိုင်ခဲ့တာပါ။

ဘာလို့ ဒီ Tundra Form ပျက်နေခဲ့တဲ့ကိစ္စကို Mention နေလဲ ပြောနေလဲဆိုတော့ အသင်းတစ်သင်းရဲ့ Early ကစားပုံက Mid နဲ့ Pos4 ပေါ်အခြေခံပြီး တည်ဆောက်ရတာပါ ပွဲတစ်ခုရဲ့ Early Min တွေမှာ ကျန်တဲ့ Role တွေက လမ်းမှာပဲအထိုင်နေရတာများပြီး လိုက်လှုပ်ရတာ Mid နဲ့ Pos4 ပါပဲ 7.33 ထွက်လာပြီးတဲ့နောက်မှာ ဆရာကြီးဖြစ်နေတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် Mid နဲ့ Pos4 အတွဲတွေက ယခင် Patch တွေမှာထက် အသေကိုလှော်တာပါ
တချို့အသင်းတွေက Carry တွေက ရဲတယ် နေတတ်တယ်ဆိုရင် Pos5 ကပါ သွားပေါင်းပြီး Mid,Pos4 & 5 ၃ ယောက် Trio တွေနဲ့ Early Game ကို အနိုင်ယူဖို့ကြိုးစားတတ်ကြပါတယ်။ (မြင်သာချင်ရင် GG ကိုကြည့်ပါ ဤကားစကားချပ်)

Saksa အကြောင်းဆက်ပြောပါမယ်

Saksa ရဲ့ Hero Pool, Game ကို ချဉ်းကပ်တဲ့ပုံစံ, ဆော့ကစားတတ်တဲ့အမူအကျင့်တွေဟာ သိပ်ကောင်းခဲ့တယ်ဆိုပေမယ့် 7.33Patch ရဲ့တောင်းဆိုချက်တွေက်ိုတော့ သူအကုန်မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။

Saksa ဆိုတာ Level ရှိမှ Item ရှိမှ နောက်ကနေ Spell သုံးပေးလို့ရတဲ့အကောင်မျိုးပေးမှ Space လည်းပေးဦးမှ Core တစ်ကောင်ကောင်ရဲ့နောက်နားကနေ ပုန်းလျှိုးကွယ်လျှိုးဆော့ရမှ လုပ်ကွက်ထွက်တဲ့ Player Type မျိုးပါ။

ဒီကြားထဲ အရေးအကြောင်းဆို ရေလည်ပြာပြီး အမှားများပါသေးတယ် အဲ့ဒါကတော့ ကျွန်တော်တင်မဟုတ်ပဲ Ceb ပါပြောထားတာပါ ဆိုတော့ Saksa ရဲ့ အပေါ်ကဝိသေသလက္ခဏာတွေဟာ ယခင် Patch တွေမှာတုန်းက မသိသာခဲ့ပေမယ့် အံဝင်ခဲ့ပေမယ့် 7.33 လို အကုန် Farm မှာ မြေပုံကအကျယ်ကြီး အဲ့တော့ ငါတို့က မ Farm ဘူး Farm ဖို့ပြင်နေတဲ့ငနဲတွေကို အစောတည်းက လိုက်ချမယ် Farm ဖို့လိုရင်တောင် Enemy’s Zone တွေမှာ သွား Farm မယ်ဆိုပြီး Game Plan ကိုချလာကြတဲ့အခါ Tundra ကွိုင်တက်ပါတော့တယ်။

Nine အကြောင်းလည်း နည်းနည်းတော့ထည့်ပြောမှ Saksa’s ပြဿနာတွေပိုပေါ်လွင်မှာမို့ Nine အကြောင်းအနည်းငယ်ပြောပြချင်ပါသေးတယ်။ Nine က Topson lite version ပါ ဒီလိုပြောလို့ Nine’s Fan တွေရှိရင်စိတ်မဆိုးပါနဲ့ သူမကောင်းဘူးမဟုတ်ဘူး ကောင်းတယ် Topson ဆော့တဲ့ပုံနဲ့ အတော်လေးဆင်တူတယ် တစ်ခုပဲ အရမ်းမွတ်သွားရင် Topson လို Game ထဲ Impact ရှိအောင်မဆော့တတ်ပါဘူး ဒီနေရာမှာကျ Topson နဲ့ ကွာသွားပါတယ် Topson ကျ ဖိနပ်တစ်ရံ Magic stick လေးတစ်ခုနဲ့တောင် သူ့လုပ်ကွက်ကိုပြတတ်ပါတယ် ဆိုတော့ Nine က 7.33 ရဲ့တောင်းဆိုချက်အရ Early မှာ ပုံမှန်ထက် ချတော့လိုက်ချပေးမယ် ဒါပေမယ့် ငါ အရမ်းတော့အသေမခံနိုင်ဘူး သေလို့မဖြစ်ဘူး မင်းတို့ Support တွေက ရင်းပေးကြ ငါကအခြေအနေကိုကြည့်ပြီး ပြန်ဆုတ်သင့်ဆုတ်မယ် ဝင်လုပ်သင့်လုပ်မယ် ဆိုတာမျိုးဖြစ်မယ်ထင်ပါတယ် ( GG’s Playing Style ကိုထပ်မြင်ယောင်နိုင်ပါတယ် )

ဒီနေရာမှာပဲ ကျွန်တော်တို့ဇာတ်လိုက်ကျော် မစ်စတာ Saksa ရဲ့ ပြဿနာလာပါပြီ Saksa ဆော့တဲ့ Hero တွေနဲ့ ဆော့ပေးရမယ့်ပုံစံ နဲ့ Saksa ရဲ့အမြဲကစားလာတဲ့ကစားပုံ ဒီ ၃ ချက်ဟာ ခု 7.33 ရဲ့တောင်းဆိုချက် Tundra ရဲ့ဆော့ချင်တဲ့ကစားပုံကို ဆွဲချပါတော့တယ်။

Early မှာ Mid,Pos4 and 5 ၃ ယောက်သွားချမယ် တောက်လျှောက် Map ကိုစီးဖို့ကြိုးစားမယ် ရန်သူ့မြေပုံဖက်ခြမ်းမှာ သွားကစားမှာဖြစ်လို့ ရန်သူ ၅ ယောက် ကိုယ် ၃ ယောက်ဆိုတဲ့အနေအထားဟာ အချိန်မရွေးဖြစ်လာနိုင်တယ် ဒီအခြေအနေမှာ ကိုယ့်ရဲ့ Mid ကို ရအောင်ပြန်ဆွဲထုတ်ပေးနိုင်ရမယ် ဒါက First Priority ပဲ ကိုယ့် Mid အသေခံလို့လုံးဝမဖြစ်ဘူး အဲ့ဒါမှ အဲ့နေရာမှာ ရန်သူတွေစားမယ့် Zone ကို Control လုပ်ရကြိုးနပ်မှာ အဲ့တော့ Tundra အဲ့နေရာမှာဘာဖြစ်သွားလဲ?

ရှင်းပါတယ် အဲ့လိုသွားဆော့ခဲ့တဲ့ပွဲတော်တော်များများကိုပြန်ကြည့်နိုင်ပါတယ် Saksa ရဲ့ ဘာလုပ်ပေးလို့ပေးရမှန်းမသိဖြစ်နေတဲ့ ချီတုံချတုံဇာတ်ဝင်ခန်းပေါင်းများစွာကို မြင်ရပါလိမ့်မယ် ရန်သူ့ဖက်ခြမ်းမှာ လာချတာဖြစ်လို့ ကိုယ့် Mid ထက် ကိုယ်က အရင်ဝင်ချပေးရမယ့်နေရာတွေမှာ ဝင်ချပေးလို့မရတဲ့အကောင်ကိုင်ထားရတာတွေ, အခြေအနေမဟန်လို့ ပြန်ဆုတ်ရတော့မယ့်အချိန်တွေမှာ Mid ကို ပြန်ကယ်မထုတ်ပေးနိုင်တာတွေ, အဲ့ဒါဆိုလည်း မင်းတော့လွတ်အောင်ပြန်လေ ဆိုပြန်တော့ အချိန်မှီမပြေးမိပဲ Mid ကိုများကယ်နိုင်မလားဆိုပြီး ပေကြောင်ပေကြောင်လုပ်နေတာတွေ, ကဲ ငါတို့သွားချမရတော့ဘူး ငါတို့ဆော့တတ်သလို အရင်ပုံစံနဲ့ပဲပြန်ဆော့ကြတော့မယ်ဆိုတဲ့အချိန်မှာ Saksa ဟာအတော်လေးသေပြီးဖြစ်နေသလို Level လည်းနိမ့် Item လည်းဘာမှကိုမရှိသေးလို့ Game ထဲပါမလာနိုင်တော့တာတွေဟာ Tundra နဲ့ Saksa အက်ကြောင်းကိုပိုမိုထင်ရှားလာပါစေတော့တယ်။

အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်တော့ Player တစ်ယောက် အသင်းတစ်သင်းနဲ့လမ်းခွဲတယ်ဆိုတိုင်း အဆိုပါ Player ဟာ မကောင်းဘူးလို့ အဓိပ္ပါယ်ကောက်ယူလို့မရပဲ ဒီ Player နဲ့ ဒီ အသင်းဟာ လက်ရှိ Patch မှာ ဆော့ချင်တဲ့ ဆော့ရမယ့် ပုံစံနဲ့အံမဝင်ဘူးလို့သာလျှင် ဆိုဖွယ်ရာရှိပါတယ် ဥပမာပေးရမယ်ဆိုရင် အတွဲတစ်တွဲလမ်းခွဲသွားရတယ်ဆိုတိုင်း ကောင်လေးမကောင်းဘူး ကောင်မလေးမကောင်းဘူး ဆိုတာမျိုးကြီးတွေးနေဖို့မသင့်ပဲ ရှေ့ဆက်ရမယ့်လမ်းခရီးမှာ ကောင်လေးနဲ့ကောင်မလေးဟာ အဆင်မပြေနိုင်တော့မှာသေချာသွားလို့ လမ်းခွဲသွားရတာပါပဲ လို့သာမှတ်ယူသင့်ပါကြောင်းပြောကြားရင်း ဒီနေရာကနေပဲ Saksa တစ်ယောက် Tundra ပြောတဲ့ ကျန်းမာရေး Issue ကြီးကနေ မြန်မြန်သက်သာပျောက်ကင်းလာပါစေကြောင်းနဲ့ရှေ့ဆက်လမ်းခရီးမှာလည်း Ti Winner ကြီးထပ်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ရပါတော့တယ်။

CoCan

Spread the love

By Aung Naing Oo

Aung Naing Oo @ CoCan is head of Crystal Wings Esports. CoCan had been streaming and casting Dota 2 since 2019.

Leave a Reply

Your email address will not be published. Required fields are marked *