Tundra Esports (1660 DPC Points)
Tundra Esport Results This Year :
- DPC Season I : 3rd
- Lima Major : 9th-12th
- DPC Season II : 2nd
- Dreamleague Season 19 : 4th
- Berlin Major : 5th-6th
- DPC Season III : 1st
- Dreamleague Season 20 : 9th-10th
- Bali Major : 3rd
- Riyadh Master : 9th-12th
လက်ရှိ TI Champion တွေအနေနဲ့ TI အပြီး ရာသီအသစ်ပြန်စတဲ့အချိန်မှာ လက်စွမ်းအရ Consistent မရှိဘဲ အပေါ်မှာတွေ့ရတဲ့ Results တွေအတိုင်း လုံးလည်ချာလည်လိုက်နေတာတွေ့ရပါတယ်။ဒီနှစ်ထဲမှာ Tundra ရဲ့ Mid player “Nine” ဟာရာသီအစမှာ TI တုန်းကလက်စွမ်းအတိုင်းဟုတ်မနေဘဲ လက်စွမ်းကျဆင်းနေတာတွေတွေ့ခဲ့ရပါတယ်။ဒါဟာ TI အပြီး patch အချိန်းအပြောင်းနဲ့လဲဆိုင်နေပါတယ်။TI မှာ အနိုင်ရခဲ့တုန်းက သုံးတဲ့ Strategy တွေဟာ TI ပြီးရင် Nerf ခံရတာထုံးစံဖြစ်နေတာပါ။အရင်နှစ် TI တုန်းက Tundra တို့ Abuse လုပ်ခဲ့ကျတဲ့ Wraith Patch ကို Remove လုပ်လိုက်တယ်။Draft မှာထုတ်နေကျ Tusk mid တို့ Tiny, Mirana combo တို့ကိုတစ်ကောင်ချင်းဆီ Nerf ခံလိုက်ရတာကြောင့်လဲ TI အလွန်ကာလတွေမှာတော့ထင်ထားသလောက် အောင်မြင်မှုသိပ်မရတော့ဘဲ ငြိမ်နေခဲ့တယ်။
အဲ့နောက်ပိုင်း Tundra မှာနောက်ထပ် ထိုးနှပ်ချက်တစ်ခုထပ်ပေါ်လာခဲ့ပါတတယ်။အဲ့ဒါကတော့အားလုံးသိကျတဲ့အတိုင်းအသင်းရဲ့ Pos 4 ကစားသမား “Saksa” ဟာကျန်းမာရေးအခြေအနေတွေကြောင့်ပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့မဖြစ်နိုင်တော့ဘဲ Tundra Esports တို့အနေနဲ့ Saksa နေရာမှာ Standin တွေထည့်သုံးလာရတဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ဒီနှစ် TI အတွက်တော့ “Saksa” အနေနဲ့ရော Tundra အနေနဲ့ပါအရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါပြီ။Saksa ရဲ့ကျန်းမာရေးကြောင့် 2023 TI မှာလဲမပါဝင်နိုင်တော့တဲ့အကြောင်းကိုကြေငြာသွားပြီး သိပ်မကြာခင်မှာပဲ TI အတွက် Player အသစ်တစ်ယောက်ကိုမိတ်ဆက်လိုက်ပါတယ်။
Rumors တွေထွက်ခဲ့တဲ့အတိုင်း Topias “Topson” Taavitsainen THE 2 TIME TI WINNER ကလေးအဖေပါ။”Topson” ရောက်လာတဲ့အတွက် “Nine” ကတော့ “Saksa” ရဲ့ Pos 4 role ကိုဆင်းဆော့ရမှာပါ။”Topson”ရောက်လာတာတဲ့အတွက်ကြောင့် Tundra Roster ကြီး Strong ဖြစ်သွားနိုင်တယ်ထင်ရပေမယ့် တကယ်တမ်း Mid ကနေ Support Role ပြောင်းဆော့မဲ့ “Nine” ကရော “Saksa”ရဲ့ Potential ကိုလိုက်မှီနိုင်ပါ့မလားဆိုတဲ့ထင်ကြေးပေးမှုတွေလဲရှိနေပါတယ်။ ဒီ Roster နဲ့ Tundra တို့ဘာတွေများလုပ်ပြနိုင်မလဲ။The Nerdiest Team in the world ဆိုပြီးချီးကျူးရလောက်အောင် အကွက်အဆန်းတွေတောက်လျှောက်ထွင်ပြလာပြီး TI Winner ဆိုတဲ့ဂုဏ်ပုဒ်ကိုထိုက်တန်စွာရရှိထားတဲ့ Tundra က 4 ယောက်နဲ့ 2 Time TI Winner “Topson”ကိုအင်အားဖြည့်တင်းထားတဲ့ Tundra Esports ဟာ TI မှာစောင့်ကြည့်ရမယ့် အသင်းတစ်သင်းဖြစ်လာမှာအသေအချာပါပဲ။
