Valve ကတော့ TI 11 အပြီး သူတို့ထွက်မယ်လို့ ကတိပေးထားတဲ့ Battle pass part 2 ကိုဒီနေ့မနက်မှာထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။
အခု part 2 မှာပါလာတဲ့ ပစ္စည်းတွေကတော့
CM persona က မထွက်ခင် Animated photo ထဲကအတိုင်း လူကိုယ်တိုင်တောင်မပါတော့ဘဲ မြေခွေးပုံစံနဲ့ထွက်လာခဲ့ပါတယ်။ Skill Animation Effect အနေနဲ့ဆို Ultimate (Freezing field) သုံးတဲ့အချိန်မှာ မြေခွေး ကတဲ့ပုံစံလေးက မိုက်တယ်လို့ဆိုချင်ဆိုလို့ရပေမယ့်ကျန်တဲ့ skill သုံးတဲ့ပုံစံတွေကတော့ သိပ်ပြီးစိတ်ဝင်စားစရာမကောင်းလှပါဘူး။( စာရေးသူ personal အမြင်သာဖြစ်ပါတယ်)

နောက်တစ်ခုက Immortal Treasure 2 ပါ။
ဒီတစ်ခေါက် Treasure မှာတော့ Broodmother, Huskar, Necrophos, Darkseer, Dragon Knight, Disruptor, Very rare တွေအနေနဲ့ Huskar golden, Necrophos golden, Ultra rare အတွက်ဆို Queen of Pain နဲ့ နောက်ဆုံးကတော့ ဘယ်တော့မှမပေါက်တဲ့ Emblem ပေါ့လေ။
Treasure 2 မှာ ထွက်လာတဲ့ item တွေကြည့်ရတာတော့ Creative လုပ်ထားတာလေးတွေတွေ့ရပါတယ်။ Dk ဒိုင်းလိုမျိုး disruptor စီးတော်ယာဥ်ကို ခေါင်းနှစ်လုံးကောင်လုပ်ပေးထားတာမျိုးတို့ပေါ့။ Treausre ထွက်လာပြီးပြီးချင်း လူပြောများသွားတာကတော့ Qop ultra rare ပါ။ တစ်ချို့ကတော့ ဒီ Ultra rare ဝတ်ရုံကို ကြိုက်ကြတယ် ။ အထူးသဖြင့် Arcana နဲ့တွဲလိုက်ရင်လှတယ် မိုက်တယ်ပေါ့။ တစ်ချို့ကြပြန်တော့ ultra rare ဖြစ်ရဲ့သားနဲ့ creative သိပ်မဖြစ်ဘူး ဘာညာနဲ့ပေါ့လေ။ ကိုယ်တိုင် အမြင်နဲ့ပြောရရင်တော့ ကျွန်တော်လဲသိပ်မကြိုက်လှပါဘူး။ အဓိကကတော့ ultra rare ဖြစ်နေလို့ ဒီထက်ပိုပြီးမျှော်လင့်ခဲ့မိတာပါ။ Treasure တစ်ခုလုံးကို rating ပေးရမယ်ဆိုရင်တော့ 6/10 ပါ။

နောက်တစ်ခုကတော့ အားလုံးစောင့်မျှော်နေကြတဲ့ Diretide event ပါ။ 2012/2013 လောက်မှာဒီ event ကို valve ကစပြီး မိတ်ဆက်ခဲ့ပါတယ်။ အဲ့တုန်းထဲကတော်တော်လူကြိုက်များတယ်ပြောရမှာဖြစ်ပြီး Community ဆီက positive feedbacks တွေရခဲ့ပါတယ်။ အခု Valve ကထပ်ပြီး part 2 မှာ diretide ကိုပြန်အသက်သွင်းလာပါပြီ။
ဒီနေရာမှာ ဒီ event အလုပ်လုပ်ပုံကိုရှင်းပြချင်ပါတယ်။ တစ်ဖက် 5 ယောက်စီ PvP ပုံစံမျိုးနဲ့ Lane က Two lanes ရှိပါမယ်။ Tower က တစ်ဖက်ကို 4လုံးရှိပြီး Map အလယ်မှာ roshan ရှိပါတယ်။ ပွဲစတာနဲ့ creep တွေစားပြီး ရလာတဲ့ candy တွေကိုသူများ Tower တွေထဲသွားထည့်ရတာပါ။ Roshan ကပွဲစတဲ့အချိန်မှာ အိပ်နေတာပါ။ ဒါပေမယ့် အချိန်တစ်ခုရောက်လာရင်တော့ နိုးလာပြီး candy အလုံးရေ အများဆုံးထည့်ခံထားရတဲ့ tower ကိုလိုက်ချိုးပါတော့တယ်။ အဲ့ tower တွေအကုန်ကျိုးသွားတဲ့ဘက်ကရှုံးမှာပါ ဒီကြားထဲအချိန်တွေမှာလဲ ဖားခုန်တာတို့ လျှောစီးတာတို့ rupture ဖောက်ခံရတာတို့ လိုမျိုးတွေလဲရှိပါသေးတယ်။ သူငယ်ချင်းတွေနဲ့အုပ်စုလိုက်ဆော့ရင်ပျော်စရာကောင်းမှာသေချာပါတယ်။ ပွဲပြီးသွားရင် ရလာတဲ့ candy တွေနဲ့ random item တွေကို လဲပြီးယူလို့ရပါသေးတယ်။

အချုပ်အနေနဲ့ပြောရရင် Battle Pass part 2 မှာ Diretide event တွေ persona တွေ ထုတ်ပြလိုက်ပြီး player တွေကိုဆက်ဆော့ချင်အောင် Valve က ကြိုးစားနေပါတယ်။ ဒါ့အပြင် Razor arcana တစ်ခုကိုလည်း ဝှက်ဖဲအနေနဲ့သိမ်းထားသေးလို့ နောက်ပိုင်းမှာ ဘယ်တွေများဆက်လုပ်ပြဖို့ရှိမလဲစောင့်ကြည့်ကြရင်းနဲ့ Treasure တွေ diretide က candy တွေသုံးပြီး item အကောင်းစားတွေရကြပါစေဗျာ