ယနေ့ညနေဆော့ကစားရမည့် WEU Upperbracket Semifinals Entity vs Secret ပွဲစဉ်အကြိုသုံးသပ်ချက်

Entity

Entity

Entity ဟာဒီနှစ် DPC Season တစ်ခုလုံးနီးပါးပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ WEU Region မှာအလယ်အလတ်အနေအထားလေးတစ်ခုသာရှိခဲ့ပါတယ်။အသင်းကြီးတွေဖြစ်တဲ့ Tundra, Liquid တို့လိုအသင်းတွေနဲ့တွေ့တဲ့အခါထူးထူးခြားခြားဘာမှသိပ်ပြီးမလုပ်ပြနိုင်တာများပါတယ်။သို့ပေမယ့်လက်တူအနေအထားအသင်းတွေနဲ့တွေ့ရင်တော့ Entity ဟာအဆိပ်ပြင်းတဲ့မြွေဟောက်တစ်ကောင်ပမာကြောက်ဖို့ကောင်းနေဆဲပါ။Majorတွေကိုပုံမှန်ဝင်ခွင့်မရခဲ့လို့သာ Region Qualifier‌ ရောက်နေတယ်လို့ပြောလို့ရတယ်။လတ်တလော Roster အပြောင်းအလဲအနေနဲ့ Offlaner “Tobi”အစား SEA Region ကဖိလစ်ပိုင်သားလေး “Gabbi”ကိုခေါ်ယူအားဖြည့်ထားပါတယ်။Social Media တွေမှာ Mango လေးလို့ချစ်စနိုးအနေနဲ့ Pinoy ဖန်တွေကခေါ်လေ့ရှိတဲ့ Gabbi အနေနဲ့ WEU မှာဘာတွေများလုပ်ပြနိုင်ဦးမလဲစောင့်ကြည့်ရမှာပါ။လက်ရှိ World Rank 1 Player လို့တောင်သတ်မှတ်လို့ရမယ့် Carry Player”医者watson`” ၊ Invoker God လို့လူသိများတဲ့ Midlaner “Stormstormer” လိုမျိုး Rosterတွေနဲ့ဖွဲ့စည်းထားပြီးတော်တော်လေးကျစ်လစ်တောင့်တင်းတဲ့အသင်းပါ။Draft တွေမှာ တစ်ဖက်အသင်းက Strong လွန်းလှပါတယ်ဆိုတဲ့ Meta Hero တွေဘယ်လောက်ပဲပါနေပါစေ Entity Draft တွေကိုကြည့်လိုက်မယ်ဆိုရင်တော့သူတို့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ပဲဆော့လေ့ရှိတဲ့ထူးခြားတဲ့အသင်းပါ။Entity ရဲ့ပွဲတွေကိုကြည့်ရတာကြည့်ပျော်ရှုပျော်ရှိတာကိုတော့ငြင်းမရပါဘူး။

Secret

Secretကဒီရာသီအစကနေနောက်ပိုင်းစွန်းစွန်းလေးလောက်ထိရလဒ်တွေဆိုးရွားနေတဲ့အသင်းပါ။Divison II အထိတန်းဆင်းသွားရလောက်တဲ့အထိရုတ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာပါ။သို့ပေမယ့်ဒီနောက်ပိုင်းလေးမှာတင်အသစ်ခေါ်ယူအားဖြည့်ထားတဲ့ SEA Player 2ယောက်ဖြစ်တဲ့ “Armel” နဲ့ “Fbz” ဟာအသင်းနဲ့တော်တော်လေးအံဝင်နေတာတွေ့ရတယ်။TI နီးလာလို့လားတော့မသိ ပွဲတွေမှာအမြဲအပြစ်တင်ခံရတဲ့ “Crystallis” ကတောင်လက်စွမ်းလက်စပြန်တက်လာတာတွေ့ရတော့အားရဖို့တော်တော်ကောင်းပါတယ်။ TI တိုင်းမှာပါလေ့ရှိတဲ့

Mastermind Puppey အနေနဲ့ ဒီနှစ် TI မှာလဲ သူတင်ထားတဲ့စံချိန်ကို ထိန်းထားဖို့အတွက်အသဲအသန်ကြိုးစားမှာ

အသေချာပါပဲ။

Series သုံးသပ်ချက်

Entity ဟာ Upper first round မှာ “Nigma Galaxy” ကို 2-1 ဆိုတဲ့ Result နဲ့နောက်တစ်ဆင့်ကိုတက်လာတာပါ။Nigma နဲ့တွေ့တဲ့ပွဲစဉ်မှာတော့ဆော့ Playstyle တွေကအရင်တုန်းကအတိုင်းပဲ။သူတို့ကိုယ်ပိုင် Style ကိုယ်ပိုင် Flow လေးနဲ့ပဲဆော့သွားတာတွေ့ရတယ်။အထူးသဖြင့် “Gabbi” နဲ့အသင်းနဲ့အံဝင်ခွင်ကျဖြစ်နေပြီး Pinoy သားလေးလဲတော်တော်လုပ်ကွက်ထွက်ခဲ့တာတွေ့ရတယ်။Secret ကတော့ Fan Favourite အသင်းဖြစ်တဲ့ “OG” ကို 2-0 ဆိုတဲ့ Result နဲ့အနိုင်ယူပြီးနောက်တစ်ဆင့်တက်လာတာပါ။Secret vs OG ပွဲစဉ်မှာတော့ Secret Carry Player လစ်ကြီးအနေနဲ့မထင်မှတ်ထားလောက်အောင်

Performance တွေလန်ထွက်နေခဲ့ပါတယ်။Game 1 မှာတစ်ပွဲလုံးနိမ့်နေပြီး Networth 30k နိမ့်နေတဲ့အနေအထားမှာ PA divine ဆက်ပြီးအသင်းရဲ့ Comeback နိုင်ပွဲမှာအခရာကျခဲ့တာပါ။Secret အနေနဲ့ OG နဲ့တွေ့ခဲ့တဲ့ပွဲစဉ်မှာ အသင်းလိုက်ဆုံးဖြတ်ချက်ချနိုင်မှုအပိုင်းတွေမှာတော်တော်ကိုတိုးတက်လာပြီးအားရဖို့ကောင်းပါတယ်။တစ်ဦးချင်းဆီ Performance အပိုင်းမှာတော့ “Armel” အနေနဲ့လုပ်ကွက်ပျောက်နေခဲ့တယ်။သို့ပေမယ့်လစ်ကြီးကပွဲ Tempo ကိုထိန်းထားနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်ကိုခန့်မှန်းရရင် နှစ်သင်းလုံးရဲ့အနေအထားကသိပ်မကွာပါဘူး။အသင်းလိုက် Player စုဖွဲ့မှုအပိုင်းမှာမကွာသလို အသုံးပြုတဲ့ Hero ပါဝါချင်းကလဲမကွာခြားလှဘူးလို့ထင်မိတယ်။ဒါပေမယ့် အဖွဲ့လိုက်ဆုံးဖြတ်ချက်ချရမယ့်အချိန်တွေဖြစ်တဲ့ Mid Game Timing တွေ Roshan Battle တွေမှာ Secret ကအသာစီးရသွားပြီး(2-1) ဆိုတဲ့ Result နဲ့ Secret ကပ်နိုင်သွားမယ်လို့ထင်မိကြောင်းပါခင်ဗျာ။

Spread the love

By Kelvin Layy

Currently working under Crystal Wings Esports as a talent/analyst/commentator. Mainly played only Dota 2 during the whole pro career with the highest peak MMR was 8.5K. Also, I played in a lot of local Dota 2 professional teams.

Leave a Reply

Your email address will not be published. Required fields are marked *