Gaimin Galadiators (2140 DPC Points)

Gaimin Galadiators Results This Year

  • DPC Season I : 2nd
  • Lima Major : 1st
  • DPC Season II : 3rd
  • Dreamleague Season 19 : 1st
  • Berlin Major : 1st
  • DPC Season III : 2nd
  • Dreamleague Season 20 : 1st
  • Bali Major : 1st
  • Riyadh Master : 4th Major

များ Champions Gaimin Galadiators ရဲ့ဒီနှစ် TI မတိုင်ခင်ရှိနေတဲ့လက်စွမ်းအနေအထားကတော့ အားလုံးပဲသိထားကြပြီးဖြစ်ပါတယ်။ Untouchable, Unbeatable ဘယ်လိုအသုံးနှုန်းနဲ့ပဲဖြစ်ဖြစ်တင်စားခေါ်​ဝေါ်ထိုက်တဲ့ GG ဟာဒီနှစ်မှာအသင်းအားလုံးကိုအနိုင်ယူကျော်ဖြတ်ပြီး Major များရှင်ဖြစ်လာခဲ့ပါတယ်။

Quinn ရဲ့ Individual mid laning skills၊ Seleri tOfu တို့ရဲ့ကောင်းမွန်လှတဲ့ Support + Mid backup Playstyle၊ Laning ကောင်းလွန်းလှတဲ့ Ace ရဲ့ Creeping​ တွေ၊ Carry role ကိုတာဝန်ယူထားသော်လည်း မြင်တွေ့နေကျ Carry playstyle တွေလိုမဟုတ်ပဲ Space create လုပ်ပေးနိုင်တဲ့ dyrachyo စသဖြင့် Role တိုင်းမှာချီးမွမ်းစရာကောင်းတဲ့ အချက်တွေနဲ့ပြည့်စုံလို့နေပါတယ်။

ဒီရာသီမှာ GG ကိုဒီလောက်ထိလက်စွမ်းထက်လိမ့်မယ်လို့ထင်မထားခဲ့တာအမှန်ပါ။ဒါပေမယ့်အသစ်ခေါ်ယူအားဖြည့်လိုက်တဲ့ NA သားလေး Quinn ဟာ Pro player တွေကြားထဲမှာတောင် Mid laning mechanic ကောင်းလွန်းသူလို့ Respect ပေးခံရပါတယ်။

Public ပွဲတွေမှာ Toxic တဲ့စကားတွေအပြုအမူတွေလုပ်လေ့ရှိပေမယ့်​ Official ပွဲတွေမှာတော့အလွန်တရာ ထိန်းထိန်းသိမ်းသိမ်းနိုင်ပြီးစိတ်ရှည်ပါတယ်။ GG အတွက် Quinn ကိုရလိုက်တာက အောင်မြင်မှုတွေတောက်လျှောက်ရနေတဲ့အဓိကသော့ချက်တစ်ခုပါပဲ။

GG ရဲ့ Playstyle ကတော့တစ်ကယ် ရိုးရှင်းပါတယ်။ Mid က Quinn ကို Support 2 ယောက်က 6minute power rune ထွက်ချိန်ကစပြီးတော့တောက်လျှောက်ကြည့်တယ်။ အဲ့အချိန်လစ်လတ်သွားတဲ့ side lane တွေမှာလဲ lane မနိမ့်စေဖို့အတွက် lane strong တဲ့ကောင်တွေကို draft မှထဲကကြိုထုတ်တယ်။ Ace ရဲ့ Offlane ကတစ်ယောက်ထဲနေခဲ့ရတာများပေမာ့်လဲ သူရဲ့ Laning creeping skill ကြောင့်အချိန်တိုင်းလိုလို Top networth မှာရှိတယ်။Carry Dyrachyo ကတော့အများအားဖြင့် Serleri ထွက်သွားတဲ့အချိန်မှာသေတာများတယ်။

သို့ပေမယ့်​ Mid က Quinn က 10/11 minute လောက်ဆို မြေပုံတစ်ခုလုံးမှာလိုက်ချနေပြီ။အဲ့အချိန်မှာမှ dyrachyo က Recovery farm ပြန်ယူတယ်။ ရိုးရိုးလေးပဲ။

သို့ပေမယ့် Major 3 ခုမှာ 3ခုလုံးကို Lower Bracket ကိုတောင်ရောက်မသွားဘဲ Champion ဆုကိုသိမ်းပိုက်ခဲ့တာကြည့်ခြင်းအားဖြင့် သူတို့ရဲ့ Playstyle ရိုးရိုးရှင်းရှင်းကိုဘယ်အသင်းကမှအဖြေရှာမထွက်ပဲအရှုံးပေးခဲ့ရတာသိသာပါတယ်။

ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ Riyadh Master မှာတော့ GG ရဲ့ Playstyle ကို ပြန်Counter ဖို့အသင်းတစ်ချို့ရဲ့ကြိုးစားမှုတွေကအရာထင်သွားခဲ့ပြီး GG ရဲ့တစ်နှစ်အတွင်းပထမဆုံး Finals မတက်ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

DOTA ဆိုတာအမြဲတမ်းပြောင်းလဲနေတဲ့ Game တစ်ခုပါ။Playstyle တစ်ခုထဲကို နှစ်ရှည်လများဆုတ်ကိုင်ပြီးတစ်ပုံစံထဲဆော့နေလို့မရပါဘူး။ဒါ့အပြင် Fun facts တစ်ခုအနေနဲ့ TI မတိုင်ခင် လက်စွမ်းကောင်းတဲ့အသင်းတွေမှာ TI ရောက်ရင် မထင်မှတ်ပဲပြုတ်သွားကြတဲ့သာဓကတွေအရှေ့ TI တွေမှာသမိုင်းကြောင်းရှိခဲ့ပြီးသားပါ။

ဆိုတော့ GG အနေနဲ့ TI မှာအောင်မြင်မှုတွေဆက်ထိန်းချင်တယ်ဆိုရင်တော့ မတူညီတဲ့ Playstyle အသစ်တွေနဲ့လာသင့်တယ်လို့တော့ထင်မြင်မိတယ်။ TI မှာ GG ကဘယ်အဆင့်ထိတက်သွားမလဲ Champion ရယူသွားနိုင်မလားဆိုတာကိုတော့ ကျနော်တို့ရင်ခုံစွာနဲ့စောင့်ကြည့်ကြရဦးမှာပါခင်ဗျာ။

Spread the love

By Kelvin Layy

Currently working under Crystal Wings Esports as a talent/analyst/commentator. Mainly played only Dota 2 during the whole pro career with the highest peak MMR was 8.5K. Also, I played in a lot of local Dota 2 professional teams.

Leave a Reply

Your email address will not be published. Required fields are marked *